ep 14

2.4K 210 3
                                    

သူ့ရဲ့ အဖိုးတန်လှသည့် အားလပ်ရက်လေးကို ထူးလဲ့သစ်မတို့ လာလာရှုပ်နေတာ ဘယ်နှစ်ပတ်တောင် ရှိနေပြီလဲ။ အခုလည်းဒီအရှုပ်ထုပ်မက သူ့ဆီ ရောက်နေပြန်ပြီလေ။

"သော်တာ နင်...ငါပေးတဲ့ကားတွေ ကြည့်ကြည့်လိုက်စမ်းပါ။ သေချာပေါက်ကြိုက်သွားစေရမယ်"

"ဘာလဲ။ နင်က ငါ့ကို နင်ရဲ့ဂိုဏ်းထဲ ဆွဲသွင်းချင်လို့မလား"

"အေးလေ... ။ နှစ်ကိုယ်တူ ပေါင်းတဲ့ သူငယ်ချင်းအချင်းချင်း တွေပဲကို ငါကြိုက်တာ နင်လည်း ကြိုက်ရင်ကောင်းမှာပေါ့လို့"

"ဟွန့်! ငါ့ကို နင့်ကြိုက်သလိုကြိုက်မယ်များ ထင်နေလို့လား"

"အင်း... အစပိုင်းတော့ အဲ့လိုပဲပြောကြတာပါပဲ"
ထူးလဲ့သစ်တစ်ယောက် ပွစိပွစိပြောရင်းနဲ့ သူ့ဖုန်းထဲမှတစ်ဆင့် သော်တာ့ဖုန်းထဲသို့ blကားတွေထည့်ပေးလိုက်တော့သည်။

အခုစစချင်းဆိုတော့ နင့်ကို ဒီလိုကားလေးပဲထည့်ပေးဦးမယ် နောက်ကျရင်တော့လား....ဟင်းဟင်း!!!
ငါ့မှာ နင့်ကို မျှဝေပေးစရာတွေ အများကြီးကျန်ပါသေးတယ် သော်တာရယ်။

"ဟဲ့! ဒါနဲ့ ထူးလဲ့။ နင်ဒီနေ့ နင့်မောင်လေးနဲ့ သွားဒိတ်မလို့ဆို။ မသွားသေးဘူးလား"

ထူးလဲ့က သူ့ဖုန်းထဲ ဇတ်ကားထည့်ပေးနေရင်း တန်းလန်းပဲပြန်ဖြေလေသည်။

"မသွားဖြစ်တော့ပါဘူး ။အဲ့တာကြောင့် နင့်ဆီရောက်လာတာပေါ့"

"ဟမ်...ဘာလို့လဲ?"

"ဘာလို့လဲ ဆိုရင်တော့ သူ့ညီမ တစ်ဝမ်းကွဲ ဆိုလားပါပဲ ရောက်နေလို့တဲ့။ အဲ့တာ သူ့ကို အလည်လိုက်ပို့ပေးရမှာမလို့တဲ့လေ"

"ဟက်! ခန့်သူရက ညီမတွေ အမတွေတော့ အလွန်ပေါသားနော်"

သော်တာက သူ့ကို တမင်ရွဲ့ပြီးပြောလာမှန်းသိပါတယ်။ သူလည်း ခန့်သူနဲ့ ပတ်သက်ပြီး တစ်ခါတလေမှာ စိတ်ခုမိပေမယ့် ခန့်သူက သူ့ကိုတော့ တကယ် ချစ်ရှာပါတယ်လေ။ ခန့်သူအမြဲတမ်းပြောနေခဲ့တာပဲ...

"မ တစ်ယောက်ထဲ ကသာ ကျွန်တော့ရဲ့ အချစ်ရဆုံး မိန်းကလေးပါတဲ့ "

ME AFTER YOUWhere stories live. Discover now