စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်လေပြီ။
မနက်ခင်းစောစော ကျောင်းတက်ချိန်အမှီ လာနေတဲ့ ထူးလဲ့သစ်တစ်ယောက်... ရုတ်တရက်ကြီး သူ့နောက်က လူတစ်ယောက်လိုက်လာသလို ခံစားရတာမို့။ သုတ်သုတ်ပဲ အပြေးလေး လျှောက်သွားလိုက်တယ်။
သို့ပေမယ့် သူ့ဖက်က ပြေးဖို့ အရှိန်တင်လိုက်ချိန်မှာတော့ အနောက်ကလူက သူ့ရဲ့ လက်ကို ဆွဲကိုင်လာတယ်လေ။
"ခဏလောက် နေပါဦး မ ရယ် "
အမလေး!!! လန့်လိုက်တာ။
ခန့်သူရကြောင့် လူက လန့်ပြီးလိပ်ပြာတောင်လွင့်တော့မယ်လေ။
ထူးလဲ့သစ်...ခန့်သူရကို ဂျိုကြည့် ကြည့်ပေးလိုက်တယ်။"ဘာလို့ ငါ့နောက်လိုက်လာတာလဲ"
"ကျွန်တော် မ ကို သေချာလေးရှင်းပြချင်လို့ပါ "
"ဘာကို ရှင်းပြချင်သေးတာလည်း။ နင်နဲ့ နင့်ကောင်မနဲ့ကို ငါကိုယ်တိုင် လက်ပူးလက်ကြပ်မိသွားတာတောင်မှလေ။
ဟက်....အရှက်မရှိလိုက်တာ"သူ...မျက်နှာကို ထေ့ရွဲ့သလိုနဲ့ အပြတ်ပြောပြီး ပြန်လှည့်ထွက်လိုက်တော့ ခန့်သူရက သူ့ရှေ့မှာ ရုတ်ချည်းပဲ ဒူးထောက်လာခဲ့တယ်။
"ကျွန်တော် တောင်းပန်ပါတယ် မ ရယ်"
တကယ်ဆို အခုသူတို့က ကျောင်းဝန်းထဲ လူများတဲ့ နေရာမှာရှိနေတာမို့ ဖြတ်သွားသမျှ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုပြောဆိုသွားကြကုန်ပြီလေ။
'ကျစ်....ဒါသက်သက် သူ့ကို အရှက်ကွဲအောင် လုပ်နေတာပဲ'
ထူးလဲ့သစ်က သူ့ရှေ့က ခန့်သူရကို မသိချင်ယောင်ဆောင်ပြီး ထွက်သွားမယ်လုပ်တော့ သူ့ရဲ့လက်ကို ဆွဲလာပြန်သည်။
"အား!!! ခန့်သူရ နင်ဘာဖြစ်ချင်နေတာလဲ။ ငါအရှက်မကွဲကွဲအောင် လုပ်ဖို့ ကြိုးစားနေတာလား ဟမ်။ ငါနင့်ကို သေချာပြောပြီးသွားပြီလေ။ နင်နဲ့ငါ ပြတ်ပြီလို့"
"မလုပ်ပါနဲ့ မ ရယ်။ ကျွန်တော်မှားမှန်းသိပါပြီ။ နောက်တစ်ခါဆိုတာ ထပ်မရှိစေရမှာမို့ ကျွန့်တော်ကို နည်းနည်းလောက် ခွင့်လွှတ်ပေးလို့ မရဘူးလား"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...