"မထိုက်သိလား... မထိုက်ကြောင့် ညီမ ဘယ်လောက်တောင် ခံစားလိုက်ရလဲဆိုတာ။
ညီမလေ အမြဲတမ်းပဲ စိုးရိမ်နေခဲ့တာ။
ဒီတိုင်း မထိုက်က ရည်းစားတွေ အများကြီးထားဖူးတာမို့ ညီမကိုလည်း မထိုက်ထားခဲ့တဲ့ တခြားလူတွေလို ထားခဲ့မှာလား။
မထိုက်ပေါ် ဆိုးပြီး အနိုင်ကျင့်မိရင်လည်း မထိုက်များ ညီမကိုစိတ်ကုန်သွားမလား။
မထိုက်က ညီမကို တကယ်ချစ်ရဲ့လား ။
မိန်းကလေးချင်းမို့ အချိန်ကြာရင် ငြီးငွေ့သွားမှာလား ဆိုပြီးတော့လေ။
ဟက်....နောက်ဆုံး...နောက်ဆုံးတော့လည်း မထိုက်က..."သော်တာက ယူကြုံးမရသလို ပုံစံနဲ့ စကားပြောသံ ခဏရပ်သွားသည်။
"မထိုက်ကိုလေ ဒီကစောက်ရူးမက ရူးလောက်အောင်ချစ်ခဲ့တာ..သိလား!!!
ဒါကို မထိုက်က တခြားတစ်ယောက်နဲ့ ဖောက်ပြန်ရက်တယ်နော်"'မဟုတ်ဘူး...မဟုတ်ပါဘူး။ သော်ရယ်'
ခေါင်းတွေရမ်းပြီး မဟုတ်ဘူးလို့ ငြင်းနေပေမယ့်
နှုတ်က စကားတွေက ထွက်မလာနိုင်စွာ စို့နင့်လျှက်..."ပြီးတော့ မထိုက်က ညီမကို မဖြစ်နိုင်တဲ့ ဆင်ခြေနဲ့တောင် ထပ်ညာသေးတယ်။
ဟား...ဘာလို့လဲ...ဘာလို့ ဖောက်ပြန်တာလဲ။ ညီမကို ချစ်တယ်ဆိုပြီး တခြားတစ်ယောက်နဲ့ အိပ်ရတာလဲ။ မုန်းတယ်...မထိုက်ကို အရမ်းမုန်းတယ်""တောင်းပန်ပါတယ် သော်ရယ် အမကိုမမုန်းပါနဲ့။ သော်ကပါ အမကို မုန်းပစ်လိုက်ရင် အမဘယ်လို လုပ်ရတော့မှာလဲ "
ထိုက်ထိုက်က အားကိုးတကြီးနဲ့ သော်တာရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တယ်ပေမယ့်
သော်တာကတော့ ချက်ချင်းပဲ သူ့ရဲ့လက်တွေကို ဖြုတ်ချလိုက်တယ်လေ။" မထိုက်သိလား မနေ့တုန်းက ညီမအိမ်ကို လူကြီးချင်းတွေ့ဆုံပြီး ညီမကို လာရောက်တောင်းရမ်းသွားကျပြီ"
သော့်ရဲ့ စကားအဆုံးတော့ ထိုက်ထိုက်စံရဲ့ စကားသံတွေက ရပ်သွားခဲ့တယ်။
"ကိုယ့်ဘာသာရွေးချယ်မိလို့ ဒီလိုနာကျင်ခဲ့တာမို့။
ထပ်ပြီး မရူးမိုက်ချင်တော့ဘူး။ ဒါကြောင့် ခေါင်းငြိမ့်လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညီမ နဲ့ သက်ဆိုင်ရမယ့်သူကိုလည်း မထိုက် ကောင်းကောင်းသိမှာပါ။ မထိုက်ရဲ့ မောင်ပဲလေ"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...