ep 27

2.4K 192 5
                                    

ကျောင်းသူကျောင်းသားများသည် trip သွားဖို့ရန်အတွက် ကျောင်းဝန်းအတွင်း၌ လူစုနေကြလေ၏။ ကားစီးရာတွင်တော့ ပထမနှစ်အတန်းတွေသက်သက် တတိယနှစ်တွေသက်သက်ဆီသာ ခွဲဆီကြရပါသည်။

ကြိုရောက်ထားနှင့်နေသူများက ကားပေါ်သို့ တက်၍ နေရာဦးထားကြလေပြီဖြစ်လေရာ သော်တာမှူးဝေတစ်ယောက်ကတော့ အခုချိန်ထိကို ကားပေါ်သို့တက်မလာနိုင်သေးပါဘူး။ မပေါ်လာသေးတဲ့ သူ့ရည်စားကြီးကို တမျှော်မျှော်နဲ့ စောင့်နေရတာမလို့လေ။

"မထိုက်ကလည်း ကြာလိုက်တာ။ လမ်းမှာများ တစ်ခုခုဖြစ်... အာ... ဖီးဖီးဖတ်ဖတ် လွဲပါစေဖယ်ပါစေ။ ကျစ်... ငါကလည်း ပါးစပ်ပုတ်ကြီးနဲ့ လျှောက်ပြောနေမိပြန်ပြီ"

ပြောရင်းဆိုရင်းပဲ ထိုက်ထိုက်စံတို့က အသက်ရှည်ပါဦးမည်။

ပေါ်တော်မူ ထိုက်ထိုက်စံဟာ ကျောပိုးအိတ်လေးလွယ်ပြီး လက်မှလည်းလက်ဆွဲအိတ်သေးသေးလေးကိုင်ပြီးတော့ ရောက်ချလာခဲ့လေပြီ။ သူ့ဘေးက ချမ်းမျိုးသူလည်း သူ့နည်းလည်းကောင်းပဲ။ နှစ်ယောက်သားက trip သွားဖို့ကို ပစ္စည်းတွေ ပေါ့ပေါ့ပါးပါးလောက်သာ ယူလာခဲ့ကြပုံပေါ်၏။

ထိုက်ထိုက်စံမှာတော့ သော်တာမှူးဝေကို တွေ့လိုက်သည်နှင့် သူ့ရဲ့ခြေလှမ်းတွေဟာ ပုံမှန်ထပ်ကို ပိုမိုသွက်လာခဲ့ပြီး သော်တာမှူးဝေနားကို အလျင်စလိုရောက်သွားလေတော့ပြီ။

"ရောက်နေတာ ကြာပြီလား သော်"

"အင်...မထိုက်က ဘာလို့ နောက်ကျနေတာလဲ"

"အဲ့တာက ချမ်းလေ။ အမကို လာခေါ်တာ နောက်ကျနေလို့ ဟီးဟီး"

နောက်ကျနေလို့ ဆူမယ်လုပ်ထားတဲ့ သူ့ရဲ့စကားလုံးတွေဟာ မထိုက်ရဲ့မျက်နှာလေးကို မြင်လိုက်ရတာနဲ့ကို အကုန်လုံး လေထဲမှာပျောက်သွားတော့ကုန်ချေတယ်။

"လာလေ ကားပေါ်မြန်မြန်တက်ရအောင်။ မဟုတ်ရင် အတူတူထိုင်ဖို့ နေရာမကျန်ပဲနေလိမ့်မယ်"

"ဟွန့် အခုမှ"

သော်တာမှူးဝေတို့ နှုတ်ကသာ မကျေနပ်သလို ပြောနေပေမယ့် သူ့မျက်နှာကတော့ ပြုံးဖြီးနေတာပါပဲ။

ME AFTER YOUWhere stories live. Discover now