မနေ့ကတည်းက စိတ်နဲ့ကိုယ်နဲ့ မကပ်တော့သလို ဖြစ်နေတဲ့ ငထိုက်က သူမေးလိုက်ရင်လည်း အင်းအဲတစ်ချက်ပြန်မလုပ်။ မျက်လုံးတွေ ဂနာမငြိမ်နဲ့ ဘာကိုတွေးနေလို့ တွေးနေမှန်းလည်းမသိဘူးလေ။ သူ့မှာ ငထိုက်ကို စိတ်မချတာမို့ မနေ့တုန်းကတောင် သူ့အဆောင်ကို ပြန်လိုက်မပို့ဘဲ သူ့မာမီအိမ်မှာသာ ဆက်နေဖြစ်ခဲ့ကြရသည်။
အခုလည်း မနက်ပိုင်းလေး အဆောင်ကို ခဏပြန်လာပြီး ညပြန်တော့ဖို့အတွက် အထုတ်အပိုးတွေ လာသိမ်းဆည်းနေတာကိုပင် ငထိုက်မှာ ဘာမှမလုပ်သေးဘဲ ငိုင်ငိုင်ကြီးထိုင်နေပြန်လေ၏။
"ငထိုက်....ငထိုက်!"
"ဟမ်! အမ်"
သူကခေါ်လိုက်မှ အလန့်တကြားဖြစ်သွားလေတဲ့ ငထိုက်က၊ သူ့အား ဘာလဲဆိုပြီး ခပ်ကြောင်ကြောင်မျက်လုံးတွေနဲ့ ကြည့်နေပြန်သည်လေ။"ကျစ်! ငါ့ကို မှန်မှန်ပြောစမ်း ငထိုက်။ မင်း မနေ့တုန်းက ဘာတွေဖြစ်ခဲ့လို့ အဲ့လောက်ထိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာလဲ ဟမ်! ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ ငထိုက်ရာ။ အခုမင်းပုံစံကိုကြည့်ဦး။ ငါဘယ်လိုစိတ်မျိုးနဲ့ ဟိုကို မင်းတစ်ယောက်တည်း စိတ်ချပြီး ပြန်လွှတ်နိုင်တော့မှာလဲလို့ !"
အစကတည်းက သူပြန်သွားတော့မှာမို့ ဝမ်းနည်းနေတဲ့ ချမ်းသူက သူ့ရဲ့မူမမှန်ပုံတွေပါ မြင်လိုက်ရချိန်မှာတော့ ဂရုဏာ ဒေါသနဲ့ သူ့ကိုဆူပူပြီး ငိုနေလေတော့သည်။
သူ...ချမ်းသူကို သွားပြီး ဖက်၍ ပြန်နှစ်သိမ့်ပေးနေမိလိုက်တယ် ။ သူ မနေ့က အက်ခွန်းကို တွေ့ခဲ့တဲ့အကြောင်းကိုလည်း ချမ်းသူကို ပြောမပြနေတော့ပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ညကျရင် ထွက်သွားတော့မှာပဲကို အလကားသက်သက်စိတ်ပူရအောင် မလုပ်ချင်တော့ပါဘူး။
"မငိုပါနဲ့တော့ ချမ်းသူရယ်။ ငါဘာမှမဖြစ်ဘူး
အကုန်လုံးအဆင်ပြေပါတယ်။ ဒါကြောင့် ငါ့ကိုလည်း စိတ်မချဖြစ်မနေပါနဲ့တော့။"ဟင့်...ငါ့ကိုအမြဲတမ်း စိုးရိမ်နေရအောင်လုပ်တဲ့ လူဆိုးမ။ အခုကျ ငါ့ကိုတစ်ယောက်တည်း ထားခဲ့တော့မယ်ပေါ့"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...