ဒီနေ့တစ်ရက်လေးမှာတော့ ထိုက်ထိုက်တစ်ယောက် ချမ်းမျိုးသူနှင့် အတူပဲ ဟိုသွားဒီသွား လုပ်နေမိပါတော့တယ်။
မနက်ဖြန်ကျရင် ညလေယာဉ်စီးပြီး ပြန်သွားတော့မှာမို့ မပြန်ခင်လေး နှုတ်ဆက်စရာရှိသည့် လူများကိုလဲ နှုတ်ဆက်ရင်းပေါ့လေ။ကိုလင်းတို့ဆိုင်ကို သွားပြီး အပြန်မှာ ချမ်းသူက ရုတ်တရက်ကြီး သွားစရာရှိသည်ဟု ဆိုလာခဲ့လေသည်။
"ငထိုက်... မင်းသွားစရာနေရာရှိရင် သွားထားနှင့်ပါလား။ ပြီးမှ ငါတို့တွေ ကိုလင်းဆိုင်မှာပဲ ပြန်ဆုံကျမယ်လေ။ ငါ သွားပြီနော်"
ချမ်းသူက ချက်ချင်းကိုပဲ အပြေးလေး ထွက်သွားလေတော့၏။ဟက်... နောက်ဆုံးတော့ တစ်ဦးတည်းသော သူငယ်ချင်းလေးက သူ့ရဲ့ မြတ်နိုးရာလေးကို ရှာတွေ့သွားခဲ့ပြီပေါ့လေ။ သူ့မှာ နှလုံးသားလေးနွေးထွေးတဲ့ ဒီကောင်မလေးက ကိုယ့်ကိုပဲ အမြဲတမ်း စောင့်မျှော်နေတော့မှာလားလို့ စိတ်ပူနေခဲ့ရတာ။ အခုမှပဲ တော်သေးတော့တယ်လေ။
တကယ်ဆို သူက ချမ်းသူရဲ့ ခံစားချက်တွေကို သတိမထားမိခဲ့တာ မဟုတ်ဘဲ သူ့ဖက်က ချမ်းသူကို ပြန်တုံ့ပြန်ပေးနိုင်ခဲ့တဲ့ ခံစားချက်တွေကိုက ဒီအတိုင်းဖြစ်နေခဲ့တာပါလေ။ သူအတွက် ချမ်းသူက သိပ်ကို အဖိုးတန်လွန်းခဲ့တယ်။ မိမိကို စွန့်ပစ်သွားပါဘူးလို့ တထစ်ချယုံကြည်မိရတဲ့ ပထမဆုံးလူလည်းဖြစ်လို့ သူ... ချမ်းသူကိုတော့ အဆုံးရှုံးမခံနိုင်ခဲ့ပါဘူး။ ထို့ကြောင့်ပဲ သူတို့တွေ မခွဲခွာရလေအောင် ချမ်းသူရဲ့စိတ်ကို မသိသလိုပဲ ဟန်ဆောင်နေပေးခဲ့ ဖြစ်တယ်လေ။
မနေ့ညက ချမ်းသူ သူ့ကို ဖွင့်ပြောလာချိန်တော့ တကယ်ကို အထိတ်တလန့်ပဲ ဖြစ်သွားခဲ့ရတယ် ။ သူဘယ်လိုဖြေရှင်းရတော့မလဲလို့ တွေးပူခဲ့ပေမယ့် ချမ်းသူပြောတဲ့ အချစ်သစ်တွေ့သွားပြီး ဆိုမှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်သွားခဲ့လေတော့၏။
ကိုယ့်ရဲ့အချစ်ရေးကတော့ အဆင်မပြေမှုတွေပဲ ရှိခဲ့တယ်ဆိုပေမယ့် ချမ်းသူတစ်ယောက်တော့ ပျော်ရွှင်ရတဲ့ အချစ်မျိုးကိုပိုင်ဆိုင်ရဖို့ မျှော်လင့်မိပါတယ်လေ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...