အခုဆိုရင်တော့ ခန့်ပိုင်တစ်ယောက် မနက်စောစောစီးစီး ကုတင်ပေါ်မှာ တက်ထိုင်ပြီးတော့ ငိုက်နေလေသည်။ အဖြစ်က ဒီလိုပါ။ အခုတလော မင်းထက်သာရဲ့ စာမေးပွဲနီးပြီ စာလုပ်ရမည်ဆိုသည့် ရာဇဒဏ်အောက်မှာ ထိန်းချုပ်ခံနေခြင်းဖြစ်ပါသည်လေ။
"ဟျောင့် ... ခန့်ပိုင်! မင်းအိပ်ငိုက်နေပြန်ပြီလား"
ဪ...အိပ်ငိုက်နေသည့်လူကို အိပ်ငိုက်နေတာလားလို့ လာမေးနေသည် ။
အေ...ငိုက်နေတာမဟုတ်ဘူးဟေ့။ အိပ်ချင်ယောင်ဆောင်နေတာ။ အိပ်ချင်ယောင်ဆောင်နေတာ။
"ငါ့ကို ပြူးပြူးကြီးကြည့်ပြီး ဘာလုပ်မလို့လဲ။ ခန့်ပိုင်"
"ဘာ ဘာမှမလုပ်ပါဘူး။ ဒါနဲ့ စာက self study အချိန်မှ စလုပ်လို့မရဘူးလား။ အခုက တစ်ပတ်ကြီးများတောင် လိုသေးတယ်လေ"
"မရဘူး! စားမေးပွဲနီးမှလုပ်ရင် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားရာ ကြလိမ့်မယ်။ အခုလုပ်ဆိုလုပ်ပဲ"
"ငါက ဖင်နိုင်တယ်လေကွာ ။ အခုတော့ ပြန်အိပ်လိုက်တော့မယ်"
"မရဘူးလို့ ခန့်ပိုင်! မင်းဘာဖြစ်လို့ စာလုပ်ရမှာလေးကို ဒီလောက်တောင် စျေးစစ်နေရတာလဲ ဟမ်! ငါမင်းအတွက် ဘာမလုပ်ပေးထားတာရှိလို့လဲ။
ဒီမှာ မင်းစာလုပ်ရအောင်ဆိုပြီး မနက်စာ နေ့လည်စာ ညစာတွေဆိုလည်း အဆင်သင့်ပြင်ပေးတယ်။
ဟော....မင်းစာလုပ်ရင်း စားရအောင်လို့ဆိုပြီးလည်း အဆာပြေမုန့်တွေ ဝယ်ထားပေးတယ်။
မင်းအဝတ်တွေကိုလည်း ငါ့အဝတ်တွေနဲ့ရောပြီး ဒိုဘီအပ်ပေးတယ်။
ပြီးတော့ ဘာကျန်သေးလည်း။ ဪ...ပန်းကန်တွေလည်း ငါဆေးပေးတယ်။
ထပ်ပြီး မင်းကိုလည်း စာရှင်းပြပေးတယ်။ အင်း...ထပ်ပြီး"
"အမလေး တော်ပါပြီ မင်းထက်ရယ်။ ထပ်မပြောပါနဲ့တော့။ ငါမှားပါတယ်။ မင်းပြောသလိုပဲ ငါကတော်တော်လေးကို အလိုက်ကန်းဆိုး မသိတတ်တဲ့ကောင်ပါ ဟုတ်ပါတယ်"
"ဟေ့...ငါမင်းကို အလိုက်ကန်းမသိတဲ့ကောင်လို့တော့ မပြောမိပါဘူးနော်။ ဒါတွေကို ငါဘက်က ဆန္ဒရှိလို့ မင်းကိုလုပ်ပေးတာပဲလေ ကိစ္စမရှိဘူး။ မင်းဘက်ကသာ ဒီအတိုင်း စာလေးလုပ်နေရင်ကိုရပါပြီ"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...