welcome ပွဲကြီး ပြီးသွားတဲ့နောက်တော့ သူတို့ရဲ့ စာသင်ချိန်တွေက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပါပြီ။အတန်းတွေလည်းကျပ်လာပြီမလို့ သိပ်ပြီးပျက်လို့မရတော့ပေ။
သော်တာမှူးဝေကတော့ ဒီနေ့မှထူးထူးဆန်းဆန်းပဲ ဘာစိတ်ကူးပေါက်လို့ပေါက်မှန်းမသိ ကျောင်းကိုစောစောစီးစီး ရောက်လာခဲ့ပေသည်။
သူရောက်လာတာ ဘယ်လောက်စောလဲ ကျောင်းမှာ လူတောင်မှသိပ်မရှိသေးဘူးရယ်။ အခန်းထဲမှာလည်း မိန်းကလေးတချို့လောက်ပဲ ရောက်လို့နေသေးသည်။
ဆိုတော့ သူလည်း ထုံးစံအတိုင်း ဖုန်းကလေးထုတ်ပြီးသာ ဇတ်ကားလေး ထိုင်ကြည့်နေလိုက်ပါသည်။ ဒါပေမယ့် သိပ်မကြာလိုက်ဘူး အခန်းထဲသို့ ထိုက်ထိုက်စံတစ်ယောက်ကပါ ထပ်မံလို့ ရောက်ရှိလာခဲ့ပေသည်။
သော်တာမှူးဝေမှာ ဇတ်ကားကြည့်နေရင်းတန်းလန်းမှပင် ထိုက်ထိုက်စံအား တွေ့လည်းတွေ့လိုက်ရော သူ့မျက်နှာထက်၌ အလိုအလျောက်အပြုံးတွေတို့က ဖြစ်တည်လာရတော့သည်။
ထို့အတူ ထိုက်ထိုက်စံဖက်ကလည်း အခန်းထဲမှာထိုင်နေတဲ့ သော်တာမှူးဝေကိုတွေ့တော့ အပြုံးလေးနဲ့ပဲ နှုတ်ဆက်လာခဲ့ပါသည်။
'အား....တကယ်ပါပဲ'
မထိုက်နဲ့ ရင်းနှီးလာရတာက သူ့အတွက်တော့ သိပ်ပြီး အဆင်ပြေမနေချင်တော့ဘူး။ ဘာလို့ဆို သူဘက်က မထိုက်ကို ပိုပြီးခင်မင်လာလေလေ သူ့ရဲ့ မဟုတ်သုတ်ခ အတွေးတွေကလည်း ပိုပိုပြီးစိပ်စိပ်လာလေမလို့ပါပဲ။ တစ်နည်းပြောရရင် မထိုက်က သူ့နှလုံးသားလေးအတွက်တော့ သိပ်ပြီးကို အန္တရာယ်များလွန်းလှပါသည်။×××××
တဖက်က သော်တာမှူးဝေတို့က ကျောင်းကို စောစောရောက်နေသလောက်တော့ တချို့တွေများကြ အိပ်ယာထနောက်ကျလို့ ကျောင်းချိန်မမီတော့တဲ့ အဖြစ်မျိုးလေ။
"မြန်မြန်လုပ်စမ်းပါ ခန့်ပိုင်ရာ! မင်းက နောက်ကျမှလည်း ထသေးတယ်။ အခုလည်း လုပ်နေတာကိုက နှေးတိနှေးကွေးနဲ့။ မင်းနဲဆို အမြဲတမ်းကို အတန်းချိန်မှီမှာ မဟုတ်တော့ဘူး"
ထိုသို့ မင်းထက်သာက ဘေးနားကနေ ပွစိပွစိနဲ့ လိုက်ပြောနေပေမယ့် သကောင့်သားလေး ခန့်ပိုင်ကတော့
သွားတိုက်နေရင်းက ပြန်အိပ်ငိုက်နေရှာတယ်။ ကြာတော့ မင်းထက်သာလည်း စိတ်မရှည်တော့ဘူးထင်ပါရဲ့။ သူကိုယ်တိုင်ပါ ဝင်သွားပြီးတော့ ခန့်ပိုင်အား သွားတိုက် မျက်နှာသစ်ကို လုပ်ပေးပါတော့သည်။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...