ep 35

2.2K 191 0
                                    

ထိုက်ထိုက်စံက ဆိုဖာလေးပေါ်ထိုင်ရင်းပဲ သော်တာမှူးဝေအား ရင်ခွင်ထဲထည့်ထားလေတယ်။

ကိုယ့်ဆီကို ရောက်လာပြီး ချုံးပွဲချငိုနေခဲ့တဲ့သော်က နောက်မှပဲ သူ့ကို အကြောင်းစုံပြောပြခဲ့သည်လေ။  အိမ်မှာ သူ့အဖေနဲ့ ပြဿနာတက်ခဲ့တဲ့ အကြောင်းကိုပေါ့။

ဆိုတော့ သော်က အဖေနဲ့ စိတ်ဆိုးလို့ အိမ်ပေါ်ကနေဆင်းလာပြီး သူ့ဆီရောက်လာခဲ့တယ်။

ဟက်...သမီးက အဖေ့ကို စိတ်ဆိုးရတာ ဘယ်လိုခံစားချက်မျိုးဖြစ်မလဲ။ သူကော သူ့ရဲ့ဖေဖေကို စိတ်ဆိုးဖူးလား။ ဟင့်အင်း...မရှိလောက်ဖူးထင်တာပဲ။ သူက ဖေဖေနဲ့ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ ရှိနေခဲ့တာမှမဟုတ်တာလေ။

သူသော့်ရဲ့ ဆံပင်လေးတွေကို သပ်ပေးကာပဲ စဉ်းစားနေမိပေသည်။

ထိုချိန် စားပွဲပေါ်တင်ထားသည့် သူ့ဖုန်းရဲ့ ringtone သံက မြည်လာခဲ့၏။ သူမသိတဲ့ ဖုန်းcallတစ်ခုပဲ ဖြစ်သည်။

သူ့ဘက်က ဖုန်းကိုပြန်ဖြေလိုက်ချိန်မှာတော့ တဖက်က စိုးရိမ်ကြီးနေတဲ့ ယောက်ျားတစ်ဦးရဲ့ စကားသံကို ကြားရလေတော့သည်။

"ညီမထိုက်ထိုက်စံလား မသိဘူး။ အကိုပါ။ အကိုက သော်တာရဲ့ အကို သီဟမှူးဝေလေ"

"ဟုတ်...အကိုသီဟမှူးဝေ"

သူ့ဘက်က အကိုသီဟမှူးဝေလို့ ပြောလိုက်သံလဲကြားရော သော်တာတစ်ယောက် ခေါင်းထောင်ပြီး ကြည့်လာခဲ့လေတယ်။

"ဟိုလေ သော်တာတစ်ယောက် အိမ်ကထွက်သွားတာ ချမ်းမျိုးသူဆီလည်း ရောက်မလာဘူးတဲ့။ အဲ့တာညီမဆီများ အကို့ညီမလေး ရောက်နေတာလားလို့။ အကိုက ချမ်းမျိုးသူဆီက ဖုန်းနံပါတ်လှမ်းတောင်းပြီး မေးကြည့်ရတာပါ"

"ဪ...ဟုတ်ကဲ့။ သော်က အခု ညီမဆီမှာ ရှိနေပါတယ်....."

"......"

မထိုက်က သူ့အကိုဖုန်းဆက်လို့ သူဒီမှာ ရှိနေကြောင်း၊ စိတ်ပူဖို့မလိုကြောင်း ဘာညာသာဓကာတွေကို စီကာပတ်ကုံးပြောပြနေရတော့သည်။

သူ့ကိုစိတ်ပူလို့ ဖုန်းဆက်တာက ဖုန်းဆက်တာတစ်ကြောင်းဆိုပေမယ့် မထိုက်က ဒီလောက်ထိရှင်းပြပြီးတာတောင် ကိုကိုက ဖုန်းကိုတော်တော်နဲ့ မချသေးတော့ သူလည်းစိတ်ပေါက်လာပြီလေ။

ME AFTER YOUWhere stories live. Discover now