ep 19

2.3K 216 6
                                    

မင်းကို လိုက်ပြီး ခိုးကြည့်နေတတ်တဲ့ သူက တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးဆိုရင်တောင်မှ
မင်း သတိထားမိတဲ့ တစ်ယောက်ကတော့ ငါဟုတ်မနေခဲ့ဘူးတဲ့လားကွယ်။

💔💔💔

"ချမ်း...နင်သိလား။ သူ... သူက ငါနဲ့ အတူနေရမှာကိုကြ သေမတတ်မကြိုက်ပြန်ဘူးတဲ့။ ငါလေ သူ့ကို ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူး။ ဟက်!"

ထိုက်ထိုက်စံက ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ ပြောနေပေမယ့် သူ့မျက်ဝန်းတွေကတော့ ဝမ်းနည်းနေရိပ်တွေထင်နေခဲ့သည်။ သူက သူ့ရှေ့မှာ ရှိနေတဲ့ဘူးလေးကို မော့သောက်လိုက်ပြီး မချိတင်ကဲ ရေရွတ်လာပြန်တယ်။

"သူငါ့ကို ချစ်တယ်လို့ ပြောခဲ့တယ်လေဟာ"

ထိုက်ထိုက်စံရဲ့ အတွေးတို့က မဟော်လွင်တို့ တိုက်ခန်းမှာ အခန်းထဲက ကောင်မလေးတွေ အားလုံးစုပြီး သောက်စားကြတဲ့ ညကို ပြန်ရောက်သွားတော့သည်။

အဲ့နေ့က....
.
.
.

သူတို့တွေ သောက်စားပြီး နောက်ပိုင်း ထိုက်ထိုက်စံမှာ မူးရူးနေတဲ့ သော်တာမှူးဝေအား ဆိုင်ကယ်ပေါ်တင်၍ ခါးကို ကြိုးနဲ့ချည်ပြီးပဲ သူ့ရဲ့တိုက်ခန်းဆီကို ခေါ်လာခဲ့ရပါသည်။

တိုက်ခန်းဆီ ရောက်ပြန်တော့လည်း အဲ့မှာ သော်တာမှူးဝေတို့က အိပ်ပျော်နေတာမို့ ထိုက်ထိုက်စံကပဲ ထပ်ပြီး အခန်းရောက်သည်အထိ သူ့ကို ပွေ့ချီလာရပြန်သည်လေ။

သော်တာမှူးဝေကို ကုတင်ပေါ်သို့ ချပေးပြီးနောက်တော့ သူ့မှာလည်း မောမောနဲ့  သော်တာ့ဘေးမှာပဲ ခြေပစ်လက်ပစ် ဝင်လှဲနေလိုက်တော့တာပေါ့။

အဲ့ချိန်မှာပဲ အိပ်ပျော်နေပြီလို့ ထင်နေခဲ့တဲ့ သော်တာမှူးဝေက ငေါက်ခနဲ ထထိုင်လာတာမို့ မျက်လုံးကလေးမှိတ်မယ် ကြံနေတဲ့ ထိုက်ထိုက်စံလေးမှာ လန့်တောင်သွားရတယ်။

"ဘာ...ဘာဖြစ်လို့လဲ သော်ရယ်။ ဘာလိုချင်လို့လဲ"

"အိ မ် သာ..."

"ဟမ်...ဘာကြီး အိမ်သာ။ ဪ... အိမ်သာသွားချင်တယ်လို့ပြောတာလား" ထိုက်ထိုက်စံကပြန်မေးတော့ ခေါင်းလေးငြိမ့်ပြနေတဲ့ သော်တာမှူးဝေ။

ME AFTER YOUWhere stories live. Discover now