ep 33

2.6K 197 0
                                    

မနက်ခင်း လင်းရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ထိုးဝင်လာလေပြီ။ ထိုက်ထိုက်စံတို့ မျက်တောင်စိတ်စိတ်လေးတွေ လှုပ်ခက်လှုပ်ခက်နဲ့ပဲ မျက်လုံးလေးပွင့်လာခဲ့မိတယ်။

ဘေးကို လှည့်လိုက်တော့ တွေ့လိုက်ရတယ်လေ။ လက်မောင်းပေါ်ခေါင်လေးတင်၍ အိပ်ပျော်နေတဲ့ သူ့ရဲ့သော်ကို။

အင်...ချစ်ရသူနဲ့ အတူတူနိုးခွင့်ရမယ့် မနက်တိုင်းက ဒီလိုမျိုး သာယာလှပနေတာပဲလား။

သူ လက်ညိုးလေးနဲ့ သော်တာမှူးဝေရဲ့ မျက်နှာအစိတ်အပိုင်းတွေကို တရွရွလေး ထိကြည့်နေလိုက်မိသည်။

နှုတ်ခမ်းပါးလေးကို ထိတွေ့မိချိန်မှာတော့ သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ပါ ထပ်မိသွားမှာကို မထိန်းချုပ်နိုင်တော့ပါဘူးလေ။

"umm ... မထိုက်"

သော်တာတို့ သူ့ပေါ် ဖိကပ်လာလေတဲ့ အနမ်းတွေကြောင့်ပဲ အသက်ရှုကြပ်ကာ နိုးလာခဲ့ရချေပြီ။ သူ့ရဲ့လက်တွေက မထိုက်ကိုတွန်းဖယ်နေပေမယ့်လည်း မထိုက်ကတော့ တော်တော်နဲ့ မလွှတ်ပေးသေးပါဘူး။

အတန်ကြာ သဘောကျစိတ်ကြိုက်လုပ်ပြီးသွားကာမှ သူ့ကို လွှတ်ပေးလာတဲ့ မထိုက်ကို သူ့ဘက်က မျက်စောင်းလေးထိုးပေးလိုက်တယ်။

"ဟွန့်...ဘယ်လိုဖြစ်လို့ လူကို အတင်းတွေ လာနမ်းနေတာလဲ။ ဒီမှာ အသက်ရှုတွေတောင်ကြပ်ကုန်ပြီ"

"ဟုတ်လား ဒါဆို CPR ပြန်ပေးရမယ်"

"အား...မထိုက်နော်"
သူ့ဘက်က လက်ကလေးနဲ့ မြန်မြန်ဆန်ဆန်ကာလိုက်ရတယ်။ မထိုက်ကတော့...

"လာ...သော် အမတို့ ရေအတူသွားချိုးရအောင်"တဲ့

"ဟမ်!!!"
သူ့မှာ မနက်စောစောစီးစီး တုန်လှုပ်သွားရပါတယ်။

×××××

အခုတော့ နှစ်ယောက်သား ရေချိုးခန်းထဲမှာလေ။ ရေပန်းလေးဖွင့်ထားတယ်။ မထိုက်က အပေါ်က သူကအောက်က။

"အ~~~"

မနေ့ညက သူ့ကို သန့်ရှင်းရေးမလုပ်ပေးလိုက်ရလို့ဆိုပြီး မထိုက်ကသူ့ကို ရေချိုးပေးမယ်ဆိုပြီး ဆွဲခေါ်လာတာမို့ ပါလာရသည်လေ။ မထိုက် သူ့ကို‌ ရေပန်းအောက်တွန်းပို့လိုက်တာမို့ ချက်ချင်းကြီး ကြက်သီးထသွားပြီး အော်လိုက်မိခြင်းပင်ဖြစ်သည်။

ME AFTER YOUOpowieści tętniące życiem. Odkryj je teraz