ထိုက်ထိုက်စံတစ်ယောက် စားသောက်ဆိုင်မှာ သော်တာ့ကို စောင့်နေတဲ့ အတောအတွင်း သိန်းစိုးဆီက ဖုန်းအခေါ်ကို လက်ခံရရှိခဲ့၏။ အလုပ်ကိစ္စကြောင့်များ ဆက်တာလားဆိုပြီး ဖုန်းကိုင်လိုက်ပေမယ့် သိန်းစိုးက အလန့်တကြားနဲ့ပဲ
"အဖွဲ့မှုး!အဖွဲ့မှုးတော့ ပြဿနာတက်ပြီ။ အခုလိုင်းပေါ်မှာ အဖွဲ့မှုးနဲ့ မင်းသမီးသော်တာမှုးဝေတို့ ပုံတွေက ပလူတွေပျံနေတာပဲ။ အဖွဲ့မှုး သတင်းမဖတ်ကြည့်ရသေးဘူးလား"
သူ ချက်ချင်းပဲ သိန်းစိုးရဲ့ ဖုန်းကိုချပြီး သတင်းကို ရှာကြည့်လိုက်တယ်။ အဲ့မှာ "မင်းသမီးသော်တာမှူးဝေက မိန်းမချင်း ကြိုက်နေတာလားဆိုတဲ့ ခေါင်းစီးပိုင်းကြီးနဲ့ သတင်းတွေအောက်မှာ သူတို့နှစ်ယောက်ရဲ့ ပုံတွေ။ သူ့တို့နှစ်ယောက် အဆောင်ရှေ့မှာ ဖက်ပြီးနမ်းနေကျတာတွေကော၊ သူရဲ့ အလုပ်နားမှာ နဲ့ သော်တို့ အိမ်နားလေးမှာပါ တွေ့နေကျတဲ့ ပုံတွေ အကုန်ပါပါတယ်လေ။
"ဟာ ..."
ထိုက်ထိုက်တစ်ယောက် သတင်းတွေကို ကြည့်ပြီး အတော်ကို စိတ်ပျက်မိသွားတယ်။ သူတို့နှစ်ယောက် ပုံတွေကို ဘယ်ကတည်းက လိုက်ရိုက်နေကျတာလဲလေ ။ ဒါကိုတောင် သတိမထားမိပဲ သူ့ဖက်က အနေအထိုင်မဆင်ခြင်မိလို့ အခုတော့ သော်က သူ့ကြောင့်နဲ့ ...သူ့ကြောင့်နဲ့ ဟာ...သွားပြီကွာ။ ဒီအတောအတွင်း သူ့ဖက်က ဆင်ခြင်တုံတရား နည်းခဲ့မိလို့ အခုတော့ သော့်မှာ နာမည်ဆိုးတွေ ထွက်ကုန်ပြီ။
ထိုက်ထိုက်က သူ့ကိုယ့်သူ အပြစ်တွေတင်ရင်း စိတ်ပျက်အားငယ်သွားခဲ့တယ်။ သို့ပေမယ့် အခုချိန်မှာ သော်တာ့အတွက်ကို ပိုပြီးတော့ စိုးရိမ်မိတာမို့ သူသော်တာ့ဆီ စိတ်ပူစွာနဲ့ ဖုန်းကလေးခေါ်လိုက်မိပါသည်။ အကြိမ်ကြိမ်အခါခါခေါ်နေပေမယ့်လည်း တဖက်က ဖုန်းလေးမှာတော့ ပြန်လည်ဖြေကြားမှု ကင်းမဲ့လျက်ပဲ။
.
.
."ဟမ်! ဖေဖေ နဲ့ မေမေ"
သော်တာတို့ တံခါးလေးဖွင့်လိုက်ချိန် သူ့အဖေနဲ့ အမေတို့ကို တွေ့လိုက်ရသည်မို့ အံဩမိသွားပြီလေ။ ဖေဖေတို့က ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...