"ဒီနေ့ည ပွဲတက်ဖို့ အဆင်ပြေပါ့မလား။ အမက နေမကောင်းဖြစ်နေတာဆိုတော့။ အား...အဲ့တာကြောင့် မနေ့က အမကို အနားယူဖို့ စောစောပြန်လွှတ်လိုက်တာလေ။ ဘယ်နဲ့...အမလူကို လိုက်ချော့ချင်တာနဲ့ ကိုယ့်ကျန်းမာရေးကိုတောင် ဂရုမစိုက်ရတာလဲ"
သူ့ကို ဖက်ထုပ်ခွံ့ကျွေးရင်း ဆုံးမဩဝါဒခြွေနေတဲ့ ယွန်းကို မျက်စောင်းထိုးလိုက်တယ်။ အားနေ...လူကို အမြဲဟောက်စားပဲ လုပ်နေတာပဲ။
"ဖျားတာက ငါ့မထိုက်ကြောင့်ဖျားတာမှ မဟုတ်တာ။ ပြီးတော့ မထိုက်က ငါ့ကို ပြုစုပေးထားလို့ အခုလဲ ပြန်နေကောင်းသွားပြီလေ ။ စိတ်ချ။ ညကျရင် အဲ့ပွဲကို ရောက်အောင် သွားပေးမယ် ဟုတ်ပြီလား"
"အမလေး ပြောနေတာကိုက မသိရင် ယွန်းအတွက် အမကို အတင်းတွေ လွှတ်နေသလိုနဲ့..."
သူ ယွန်းရဲ့ ဗျစ်တောက်ဗျစ်တောက် အပြောတွေကို ဆက်ပြီးပဲ နားထောင်လိုက်ရလေတော့၏။
ညနေပိုင်းရောက်လာချိန်တော့ သော်တာတို့ အလှပြင်ဆိုင်ကို အရင်ဝင်ပြီးမှပဲ ပွဲကို သွားခဲ့သည်လေ။ ပါတီပွဲမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေရော အနုပညာရှင်တော်တော်များများကပါ ရောက်နေကြကုန်သည်။
တကယ်ဆိုရင် ဒီပွဲက အနုပညာရှင်တွေကို စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကြားထဲ ပွဲထုတ်သလိုပဲ။ ကိုယ့်ကို ပိုပြီးလူသိများ၊ ပိုပြီး နာမည်ကြီးလာအောင် တဖက်နဲ့တစ်ဖက် အပြန်အလှန်မိတ်ဆက်ကြ၊ နှီးနှောပြောဆိုကြရင်းပေါ့။
သူလည်းစကားဝိုင်းတစ်ခုမှာ ဝင်ပြောနေတုန်းမှာပဲ ပွဲအတွင်းတို့ ဝင်ရောက်လာလေတဲ့ Shine company ရဲ့ CEO ထက်ဘုန်းရှိန် ။ ထက်ဘုန်းရှိန်လည်း ဝင်လာရော ပွဲအတွင်းမှာရှိနေတဲ့ မိန်းကလေးအချို့ရဲ့ အကြည့်တွေက သူ့အပေါ်မှာ စုပုံရောက်သွားကြကုန်တော့သည်လေ။ အင်...ဟုတ်မှာပါလေ ထက်ဘုန်းရှိန်ဆိုတာ သမီးရှင်တိုင်းက သမက်ဖမ်းချင်စရာ ယောက်ျားတစ်ယောက်ပဲလေမလား ။ သူ့အတွက်ကသာ မထိုက်လောက် ဘယ်သူ့မှ အရေးမပါတော့တာ ဆိုပေမယ့်ပေါ့။
"ဟက်..."
သော်တာက သူ့အတွေးတွေကို ပြန်တွေးမိပြီး ရယ်မိသွားသည်။ ထိုချိန် ထက်ဘုန်းရှိန်ကတော့ ပွဲအတွင်းမှ တခြားလူတွေကို လျစ်လျူရှုကာပဲ သော်တာမှူးဝေဆီကိုသာ တန်းတန်းမတ်မတ်ကြီး လျှောက်လာလေတော့၏။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...