"ဒေါက်!ဒေါက်!"
ဦးကျော်ဝေ၏ ရုံးခန်းအပြင်ဖက်မှ တံခါးခေါက်သံ ထွက်လာခဲ့သည်။ တဆက်ထဲမှာပဲ သူ့အတွင်းရေးမှုးမလေးက..."သူဌေး... အပြင်မှာ သူဌေးဦးစောဘုန်းထိုက်ရဲ့ ဇနီးက သူဌေးနဲ့ တွေ့ခွင့်တောင်းနေပါတယ်"
ဘယ်လို! ဦးစောဘုန်းထိုက် ဇနီးဆိုတော့ ဒေါ်ခင်လေးမလားလေ။ ဒါနဲ့ ဒေါ်ခင်လေးက သူ့ဆီ ဘာလာလုပ်တာပါလိမ့် ?
ဦးကျော်ဝေတို့ ကြောင်နနဖြစ်စွာနဲပဲ...
"အေအေ...ကောင်းပြီ ။ဝင်လာခိုင်းလိုက်ပါ"ထို့နောက်တော့ အခန်းတံခါးဖွင့်ပြီး ဝင်လာခဲ့တဲ့ ဒေါ်ခင်လေးကို သူ့ဖက်ကပဲ ဧည့်ဝတ်ပျူဌာလိုက်ပါတယ်လေ။
"ထိုင်ပါဦးဗျာ မခင်လေး။ ထူးထူးဆန်းဆန်းပါလား။ ဘာအကြောင်းထူးများရှိလို့ ကျွန်တော့ဆီ မျက်စိလည်လမ်းမှားပြီး ဝင်လာခဲ့တာတုန်း ဆိုစမ်းပါဦးဗျာ"
သူကဆိုလိုက်ရာတွင် တဖက်က
ဒေါ်ခင်လေးမှာတော့ မျက်နှာမသာမယာဖြစ်သွားကာပဲ သူ့လက်မှာချိတ်ထားတဲ့ ဆလင်းဘတ်အိတ်ထဲမှ ဓာတ်ပုံအချို့ကို ထုတ်၍ သူ့ရှေ့ကိုပြလာခဲ့လေတော့သည်။"ပြောရမှာတော့ အားနာပေမယ့် ။ ကိုကျော်ဝေကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသိပေးရမယ်လို့ ထင်လို့ပါ"
ဒေါ်ခင်လေးစကားကြောင့် ဦးကျော်ဝေမှာ ဘာတွေများလဲဆိုပြီး ဓာတ်ပုံတစ်ပုံကို ယူကြည့်လိုက်မိတယ်။ သူ ချက်ချင်းပဲ မျက်လုံးတွေ ပြူကျယ်လာရတော့သည်လေ။ ဦးကျော်ဝေတို့ မယုံမကြည်ဖြစ်စွာနဲ့ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ လိုက်ကြည့်လိုက်လေရာ နောက်ဆုံးမှာတော့ သူ့လက်ထဲက ဓာတ်ပုံတွေကို လွှတ်ချမိသွားသည်ထိပဲ အံဩစိတ်ပျက်မိသွားလေတော့တယ်။
ဒါ...ဒါတွေက ဘယ်လို ထူးဆန်းတဲ့ အခြေအနေတွေလဲလေ။
ဓာတ်ပုံထဲမှာ သူ့သမီးလေး သော်တာက သမီးရဲ့ သူငယ်ချင်း ထိုက်ထိုက်စံဆိုတဲ့ ကလေးမနဲ့ နှစ်ယောက်သား ဖက်တွယ်နမ်းရှိုက်နေကြပုံတွေ။ အတူတူရှိနေကြပုံတွေ ။ ဟာ... ဒါဟာ သာမန် မိန်းကလေးသူငယ်ချင်းအချင်းချင်း ရင်းနှီးနေတာပါလို့ပင် လက်ခံလို့မရနိုင်လောက်အောင် သူတို့တွေ အချင်းချင်းကြည့်နေကြတဲ့ မျက်ဝန်းတွေ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...