အတိတ်ကို မဟုတ်ဘဲ အခုလက်ရှိ အမကိုပဲ ယုံကြည်ပေးလို့ မရဘူးလား သော်ရယ်...
💔💔💔
သူတို့ကျောင်းက အာဇာနည်နေ့နဲ့ စနေ တနင်္ဂနွေတွေပေါင်းပြီး ဆက်တိုက်ဖြစ်သွားလို့ မနက်ဖြန်ကစ၍ ကျောင်းသုံးရက်လောက်ပိတ်မည်လေ။
ဆိုတော့ ဒီပိတ်ကြားထဲ ပိတ်ရက်ရတုန်းလေးမှာ သော်နဲ့ ဒိတ်ဖို့ စီစဉ်ရမယ်။ အပြင်သွားရင်လည်း ပင်ပန်းရဦးမယ်ဆိုတော့ ဒီတိုင်း အေးဆေးဆေးလေး သူ့ရဲ့တိုက်ခန်းမှာပဲ ဒိတ်ကျရင်မကောင်းဘူးလား။ အင်...ဒီအကြံမဆိုးဘူးလို့ ထင်တာပဲ။
ထိုက်ထိုက်စံတစ်ယောက် ညနေကျောင်းဆင်းခါနီးလေးမှာ သော်တာမှူးဝေနဲ့ ဒိတ်ရဖို့အရေး အကြံများနေရပါတယ်။
ဒီလိုနဲ့ ကျောင်းဆင်းပြီးသွားပြီး အခန်းထဲကထွက်ရတဲ့အချိန်မှာတော့ ထိုက်ထိုက်စံတို့ သော်တာမှူးဝေရဲ့ လက်ကလေးကို ကိုင်ကာပဲ လမ်းလျှောက်လာခဲ့တော့သည်။ မပြန်ခင်တော့ သော်တာမှူးဝေကို သူရဲ့planတွေအကြောင်း ပြောဖို့ စကားလုံးတွေ စီနေရင်းပေါ့။
ထိုသို့သွားနေရင်းမှာပဲ ထိုက်ထိုက်စံတို့က ဘာမှမပြောရသေးမီ သော်တာမှူးဝေဘက်မှ အရင်စ၍ ထိုက်ထိုက်စံအား အမေးစကားပြုလာခဲ့လေတော့၏။
"ဒီနေ့လေ ညီမ ကောလဟလ တစ်ခုကြားခဲ့ရတယ် သိလား။ အဲ့တာ ဘာလဲဆိုတာ မထိုက်ကောသိလား"
"ဪ...သော်ရယ်။ သော် ကြားခဲ့တဲ့ဟယကို အမက ဘယ်လိုလုပ်ပြီးသိမှာတုန်း"
"ဒါပေမယ့် အဲ့ကောလဟလက မထိုက်နဲ့ ပတ်သက်နေတယ် ဆိုရင်ရော..."
'ဟမ် သူနဲ့ ပတ်သက်တာ' ဘယ်လိုသတင်းတွေ ကြားခဲ့တာမလို့ သော့်ရဲ့ မျက်နှာအမူအရာက အဲ့လောက်ထိပျက်နေရတာလဲ။ သူ့စိတ်ထဲ နည်းနည်းတောင် ပူပင်လာမိပြီလေ။
"မထိုက်က ဆေးစွဲဖူးတယ်တဲ့။ အဲ့တာ တကယ်ပဲ ဟုတ်သလား မထိုက်!"
သူ့ကိုတည့်တည့်ကြည့်ပြီး ပြောလိုက်တဲ့ စကားတွေကြောင့် လှမ်းနေတဲ့ ခြေလှမ်းတွေကပါ ရုတ်ချည်း ရပ်တန့်သွားရကုန်တယ်။ ဦးနှောက်ထဲမှာလည်း သော့်ရဲ့ စကားတွေက ချာလပတ်ရမ်းကုန်ပြီလေ။ စိုးရိမ်မှုတွေကော ကြောက်ရွံ့မှုတွေပါ ရောပြွန်းနေခဲ့တဲ့ သူ့ရဲ့တုန်တုန်ရီရီအသံ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...