ခန့်ပိုင်တစ်ယောက် ကုတင်ပေါ်မှာ တက်လဲနေရင်း အခန်းထဲမှာ တံမြတ်စည်းလှည်းနေသည့် မင်းထက်သာအား ကြည့်၍ မိန့်မိန်ကြီး ပြုံးနေလေသည်။
သူက အရင်တုန်းလို ကျောင်းကို နောက်ကျပြီးမှ မလာတတ်ဖြစ်တော့တာ ဘယ်သူ့ကြောင့်ပါလိမ့်။ အရင်တစ်semလုံးရဲ့ ခံစားချက်တွေကိုရင်းပြီး
သူဝန်ခံပါတယ်။ တဖြည်းဖြည်းနဲ သူ့စိတ်တွေက မင်းထက်သာရဲ့ ဂရုစိုက်တတ်မှုတွေအပေါ် ရင်ခုန်လာမိပြီ ဆိုတာကိုပေါ့လေ။အခုလည်းကြည့်...။ အဆောင်ရောက်လာပြီးပြီးချင်း အခန်းသန့်ရှင်းကို သူတစ်ယောက်တည်းလုပ်နေတယ်လေ။
အဲ့လို အားအားယားယား ကြိတ်ပြီး မာန်တတ်ပြနေတဲ့ ခန့်ပိုင်က တကယ်တော့ ခုနတုန်းက မင်းထက်သာရဲ့ အခန်းသန့်ရှင်းရေးလုပ်ရအောင်ဆိုတဲ့ စကားကို မကြားချင်ယောင်ဆောင်ပြီး အပျင်းထူးနေတာလဲ သူပဲလေ။
ဟိုကလည်း သူ့သူငယ်ချင်းအကြောင်းကို သိသူပီပီ လေအကုန်ခံပြီး နှစ်ခါမခေါ်ဘူး။ သူ့ဘာသူ တစ်ယောက်တည်း ကောက်လုပ်လိုက်တယ်။ အဲ့တာကပိုပြီး ထိရောက်တယ်။
"ဟေ့...မင်းထက် ! ဒီည ငါတို့ကို သော်တာက အသားကင်လိုက်ကျွေးမှာမလား"
"အင်...ဟုတ်တယ်"
"ဒါဆို ငါညနေမှ ပြန်လာခဲ့မယ်။ ဟိုကောင်တွေနဲ့ ဘောလုံးသွားကန်လိုက်ဦးမယ်"
ခန့်ပိုင်က ခပ်တည်တည်ပဲ ကုတင်ပေါ်က အပြေးကလေးဆင်း၍ ဘောလုံးကန်ဖိနပ်လေး ကောက်ဝတ်ဖို့ပြင်တယ်။
အဲ့မှာ တံမြက်စည်းလှည်းနေတဲ့ မင်းထက်သာက လက်ထဲကိုင်ထားတဲ့ တံမြက်စည်းရိုးလေးနဲ့ ခန့်ပိုင်အား မနာအောင် ဖြည်းဖြည်းလေး ရိုက်လေတော့တယ်။"ဘာကို ဘောလုံးသွားကန်မှာလဲ။ မင်းအခန်းထဲမှာပဲမနေဘူးဆိုရင်တော့ ငါသန့်ရှင်းရေးလုပ်နေတာ ဝိုင်းကူလုပ်ပဲ။ အပြင်သွားဖို့ မစဉ်းစားနဲ့ "
မင်းထက်သာရဲ့ ပြောစကားကို ကြားပြီး ခန့်ပိုင်တို့ ပြုံးမိသွားလေတယ်။
အရင်တုန်းကလို ဆိုရင်တော့ ဒီကောင်က ဇယားပဲလို့ ငရစ်ကောင်လို့ တွေးမိလောက်မှာပေမယ့် အခုကျ သူ့စိတ်ထဲ မင်းထက်သာက သဝန်တိုနေတယ်လို့ပဲ မြင်နေမိပြီလေ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...