မင်္ဂလာဆောင် ခန်းမရှေ့တွင် ကောင်လေးတစ်ယောက် ခြေတုံချတုံနဲ့ပဲ ခန်းမထဲသို့ မဝင်ရဲဘူး ဖြစ်နေလေသည်။ ခန်းမအတွင်းမှာ ရှိနေတဲ့ မင်္ဂလာသတို့သားလေးက သူသိပ်ချစ်ရပါသော ကောင်လေးတစ်ဖြစ်လဲ သူ့စိတ်တွေကို သတိမထားမိလိုက်ခင်ကရော၊ သတိထားမိသွားတဲ့ချိန်မှာပါ အမြဲတမ်းစိုးမိုးထားတဲ့၊ ရင်ထဲအသည်းထဲက နှစ်နှစ်ကာကာနဲ့ ချစ်တွယ်ခဲ့ရပါတဲ့ သူ့ရဲ့ ခန့်ပိုင်ပါတဲ့လေ။
ဟား...သူရင်ထဲမှာ နောင်တတွေရလို့ မဆုံးပါဘူး။ တကယ်ဆို မဟော်လွင် သူ့ကို သတိပေးခဲ့ကတည်းက လိုက်လာခဲ့သင့်တာ။ မဟုတ်ဘူး လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ထွက်ပြေးသွားခဲ့တဲ့ ခန့်ပိုင်နောက်ကို အမှီလိုက်နိုင်လိုက်ခဲ့သင့်တာ။
အဲ့ဒါဆိုရင်...အဲ့ဒါဆိုရင် ဒီကောင်လေးကို တသက်စာ ပိုင်ဆိုင်ရမဲ့လူက သူပဲ ဖြစ်နေလောက်ပြီမလား။အခုတော့ ဘယ်လိုလုပ်ရတော့မလဲ။ ဒီနေ့ပြီးသွားရင် ခန့်ပိုင်က တခြားတစ်ယောက်ရဲ့ လူဖြစ်သွားရတော့မှာ သူဘယ်လို ဖြေဆည်နိုင်ရတော့မလဲ။ အားလုံးက သူ့အပြစ်တွေပဲလေ။ အချိန်တွေဆွဲပြီး ကိုယ်ခံစားချက်ကို မသိချင်ယောင် ဆောင်နေမိခဲ့တဲ့ ရလဒ်တွေ။ဟား... ဖြစ်နိုင်ရင် အချိန်တွေ နောက်ပြန်ဆုပ်ပြီး အတိတ်ကို ပြန်ပြင်လိုက်ချင်ပါတယ်။ ခန့်ပိုင်မပါမဲ့ အနာဂတ်ကို တွေးရမှာက သူ့အတွက် သိပ်ပြီး မျှော်လင့်ချက် မဲ့လွန်းနေသည်မလို့ပါလေ။
ခန်းမအပြင်ဖက် ချောင်တစ်နေရာမှာ တိတ်တိတ်လေး ငိုကြွေးနေလေသည့် ကောင်လေးတစ်ယောက် ။ သူနဲ့ ဆန့်ကျင်ဖက်ဖြစ်စွာပဲ ခန်းမထဲမှာတော့ သတို့သား သတို့သမီးတို့ရဲ့ မင်္ဂလာပွဲလေးဟာ ချီးမွမ်းထောပနာပြုမှုတွေနဲ့ သာယာဖွယ်အတိ ဖြစ်လျှက်ရှိနေပါတော့သည်။
ထိုသို့ မင်းထက်သာက ခေါင်းလေးငုံ့ပြီး အသံတိတ်မျက်ရည်တွေ ကျနေတုန်းမှာပဲ
မီးခိုရောင်ကတ္တီပါဖိနပ်လေးနဲ ခြေဖမိုးဖြူဖြူလေးတစ်စုံက သူ့ရှေ့ကို ရောက်လာခဲ့လေတယ်။ သူ... မျက်ရည်တွေကြားကပဲ မော့ကြည့်လိုက်ပါတယ်။"ဟွန့်...သူများအမ မင်္ဂလာဆောင်မှာ နမိတ်မရှိနမာမရှိ ဘောက်မဲ့ကြောင့် လာငိုနေရတာလဲ မင်းထက်သာ။ ဘာလဲ မင်းက ငါ့အမကိုပါ လိုချင်နေလို့လား ဟုတ်လား...အမလေး!"
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...