ထိုက်ထိုက်က သော်တာရဲ့ တိုက်ခန်းဆီကိုသာ လိုက်ဖြစ်သွားသည်။
သူ့ကို လိုက်ပို့ပြီးရင် သော်တာတစ်ယောက်ထဲ ကားမောင်းပြန်သွားရမည် ဆိုတာကို စိတ်ထဲဘဝင်မကျသည့် အတွက်ကြောင့်ပေါ့။" ကိုယ်ပြန်တော့မယ် "
"ဟမ် ဘာလို့လဲ ... ။ မထိုက်ပဲ မထိုက်တို့အဆောင်ကို မမောင်းနဲ့ သော်နေတဲ့နေရာကို မောင်းဆို ။ အဲ့တာကို မထိုက်က အခု ဘယ်ပြန်သွားမလို့လဲ"
အိမ်ထဲသို့ ခြေတောင်မချရသေးတဲ့သူက အိမ်ဝမှာတင် လှည့်ပြန်မလို့ လုပ်နေတယ်တဲ့။
"မင်းကို လိုက်ပို့ပြီးပြီဆိုတော့ ကိုယ်လည်း ကိုယ့်အိမ်ကို ပြန်တော့မယ်လေ"
"ဘာပြောတယ် ! ညကြီးမိုးချုပ် မိန်းကလေးတစ်ယောက်တည်း အိမ်ကို ပြန်ဦးမယ် ဟုတ်လား"
"ဘာမှမဖြစ်ပါဘူး ။ ကိုယ်ပြန်နေကြပဲ"
"ဘာ...ဘာမှဖြစ်ဖြစ် မဖြစ်ဖြစ် ။ မပြန်ရဘူးဆို မပြန်ရဘူး ။ အခုချက်ချင်း ပြန်ဝင်လာခဲ့!"
အမိန့်ပေးလိုက်သလို ဖြစ်သွားတဲ့ သူ့ကို မထိုက်က အံ့ဩပြီး ကြည့်နေတယ်။ မတတ်နိုင်ဘူး သူကတော့ မထိုက်လက်ကို ဆွဲ၍ပဲ အိမ်ထဲ ပြန်သွင်းလိုက်တော့တယ်။
"ကားနဲ့ပြန်မဲ့ သော့်ကိုတောင် မထိုက်က စိတ်ပူနေသေးရင် တစ်ယောက်တည်း ပြန်သွားမယ့် မထိုက်ကိုလည်း ဒီက ဘယ်လို စိတ်ချနိုင်မှာလဲ"
"ဘယ်...ဘယ်သူက စိတ်ပူတယ် ပြောလို့လဲ ပေါက်ကရတွေ"
အခုမှပဲ မထိုက်က သူဆွဲထားတဲ့ လက်တွေကို ပြန်ဖြုတ်ချပြီး ၊ ရှက်ရမ်းရမ်း၍ အိမ်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်သွားလေတော့သည်။ သူကလည်း ပြီတီတီ မျက်နှာကြီးနဲ့ပဲ မထိုက်နောက်ကို လိုက်သွားခဲ့လေ၏။
"မထိုက်ရော...ဘာစားပြီးပြီလဲ ။ တစ်ခုခုစားမလား ။ ဒါမှမဟုတ် ရေချိုးချင်လား သော့်မှာ မထိုက် ဝတ်လို့ရမဲ့ အဝတ်စားတွေရှိတယ်။ အာ...ဒါမှမဟုတ်ရင်လည်း အိပ်ကျတော့မလား"
"......"
အိပ်ကျတော့မလားဆိုတဲ့ စကားမှာတော့ ထိုက်ထိုက်တို့ မျက်လုံးကြီးပြူးပြီး ကြည့်မိသွားလေ၏။ ထိုအခါမှပဲ သော်တာတို့ ပျာပျာသလဲ ပြန်ရှင်းပြရတယ်လေ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...