ep 42

1.9K 175 11
                                    

"ဘာ!!!"

"အဲ့ ခွေးမသားက အာမခံနဲ့ပြန်လွှတ်တော့မယ် ဟုတ်လား"

"တောက်!!! ဒီောက်ကောင်တွေ ငါနဲ့တွေ့မယ်"

တစ်ဖက်က ဖုန်းကို နားထောင်ပြီး တရှူးရှူးတရှဲရှဲ ဒေါသတွေထွက်သွားကုန်တဲ့ ချမ်းမျိုးသူတစ်ယောက်။

ဟား...ကိစ္စတွေ ဖြစ်ပျက်ပြီး ထိုက်ထိုက်တောင် ဆေးရုံမှာ လဲနေရတုန်းလေ။ ဟိုအယုတ်တမာကောင်က အာမခံချက်နဲ့တောင် လွှတ်တော့မှာတဲ့။ ဘယ်လိုတောင် ခွေးကျတဲ့ ဇတ်လမ်းလဲ။

ချမ်းမျိုးသူတို့ ရဲစခန်းဆီသို့ အမြန်ပဲ လိုက်သွားလေတော့သည်။

ရဲစခန်းကို ရောက်တော့ သူ့လက်စနဲ့ ခေါင်းမှာပတ်တီးအဖြူစီးထားရတဲ့ ဟိုအကောင်က အချုပ်ထဲမှ ထွက်ပြီးတောင် ရဲမှူးကြီးရှေ့မှာ ခပ်တည်တည်နဲ့ ထိုင်နေလေတယ်။

"ထိုင်ပါ ...။ ဒီက ညီမက ဒီကိစ္စရဲ့ မျက်မြင်သက်သေ ဆိုတဲ့ မချမ်းမျိုးသူ ဟုတ်တယ်မလား"

ယုတ္တိမရှိတဲ့ အကြောင်းပြချက်တွေကို သည်းခံပြီး နားထောင်ပေးဖို့။ ဆောင့်အောင့်အောင်နဲ့ပဲ သူ့ကိုမေးနေတဲ့ စခန်းမှူးရှေ့က လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်တယ်။

"တကယ်တော့ စွပ်စွဲခံထားရတဲ့ မောင်အက်ခွန်းဆိုသူက နစ်နာသူ မထိုက်ထိုက်စံနဲ့ သမီးရည်းစား ဆက်ဆံရေးလို့ သိရပါတယ်။ တစ်နှစ်လောက်ကွဲပြီးမှ ပြန်ခိုးတွဲနေကျတာတဲ့။ ပြီးတော့ နှစ်ယောက်သားက ခဏခဏ အတူတူနေဖူးကြပြီး ဒီကိစ္စမှာလည်း နှစ်ဦးသဘောတူ လုပ်ခဲ့ပြီးမှ ဒီက မချမ်းမျိုးသူက တစ်ဖက်သက် အထင်လွဲသွားတယ်လို့ဆိုပါတယ် "

"ဘာ! သမီး ရည်းစား နှစ်ဦးသဘောတူ တောက်!"

ချမ်းမျိုးသူက ဒေါသတကြီးနဲ့ သူ့ဘေးနား ကောင်ကို ဆွဲထိုးဖို့လုပ်ချိန် သူ့ကို လာဆွဲလေတဲ့ ငထိုက်...

"စိတ်ထိန်းပါဦး ချမ်းသူရယ်"

"ဟမ်...မင်းကဒီကို ဘယ်လို ရောက်လာတာလဲ။ ဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား"

မျက်ရည်တွေဝိုင်းနေတဲ့ ငထိုက်က သူ့ရဲ့လက်ကို ဆုပ်ကိုင်လျှက် ခေါင်းကိုခါပြလေတယ်။

ME AFTER YOUWhere stories live. Discover now