"ဒီည...သော် ဒီမှာပဲ အိပ်လို့ရမလား"
"ဟမ်!!!"
နောက်နေပုံ မရတဲ့ သော်တာမှူးဝေရဲ့ စကားကြောင့်နဲ့ ထိုက်ထိုက်စံမှာ မျက်လုံးမျက်စံပြူးတွေပါ ဖြစ်သွားရကုန်ချေပြီ။
"သော်... အတည်ပြောနေတာလား"
"အင်း... အတည်ပြောတာ။ ဒီမှာ တကယ် အိပ်မလို့”
“ဘာလို့လဲ။ ဟိုလေ မအိပ်ခိုင်းချင်လို့တော့ မဟုတ်ဘူးနော်။ သော်က ရုတ်တရက်ကြီးမို့လို့ပါ"
အင်း...ဘယ်လိုပြောရမလဲ ဘာလို့လဲဆိုရင်တော့ သူ့ဘက်က မထိုက်တစ်ယောက်တည်း ဝမ်းနည်းနေရမဲ့ အဖြစ်ကို မရှိစေချင်တာပဲ။ ဘာကြောင့်ဝမ်းနည်းနေမှန်းမသိတဲ့ မထိုက်ကို အနားမှာနေပြီး နှစ်သိမ့်ပေးနေချင်မိတာ သူ့အလွန်များ ဖြစ်သွားပေမလားလေ။
"ဘာကြောင့်မှ မဟုတ်ပါဘူး မထိုက်ရဲ့။ ဒီတိုင်း ဒီနေ့တော့ မထိုက်နဲ့ အတူရှိချင်လို့ပါ"
'ဒီနေ့တော့ သူနဲ့ အတူရှိချင်တယ်။ ဟက်...ဘယ်လိုတောင်မှလဲ သော်ရယ်'
သော်ရဲ့စကားတွေက လူကို ရင်အခုန်လွန်စေချင်လားပဲကွယ်။ဒီလိုနဲ့ သော်တာမှူးဝေ တစ်ယောက် ထိုက်ထိုက်စံ အိမ်မှာ အိပ်ဖို့ရန်အတွက် သူ့အမေဆီသို့ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားလေသည်။ သူ့အမေက သူ့ကို နည်းနည်းပါးပါးလေး ဟိုမေးဒီမေး လုပ်ပြီးတာနဲ့ ခွင့်ပြုခဲ့ပါသည်လေ။
အခုတော့ သော်တာမှူးဝေက ဒီနေ့မှာ ထပ်ပြီးတော့ ထိုက်ထိုက်စံနဲ့ အတူအိပ်ရပြန်တော့မည်။
ဒါပေမယ့် ထိုက်ထိုက်စံသာ သူ့တို့ကြားမှာပြောင်းလဲသွားမည့် ဆက်ဆံရေးအကြောင်းကို ကြိုသိခဲ့ပါလျှင် သော်တာမှူးဝေကို အိပ်ခွင့်ပြုခဲ့မှာ မဟုတ်လောက်ပါဘူးလေ။
×××××
"ခန့်ပိုင် ညစာသွားစားရအောင်"
မင်းထက်သာရဲ့အပြောကို ခန့်ပိုင်တစ်ယောက် ဂိမ်းဆော့နေတာနဲ့ ပြန်မဖြေအားပါဘူး။
အဲ့တော့ မင်းထက်သာက ထပ်ပြီး ခန့်ပိုင်ကို လှမ်းအော်လေသည်။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...