ကျောင်း trip ကပြန်လာပြီးကတည်းက သော့်ရဲ့ပုံစံတစ်မျိုးဖြစ်နေသလိုပဲ။ ပုံမှန်ဆို သွက်လက်နေတဲ့ကောင်မလေးက အခုတော့ သူ့ကိုတောင် စကားဟုတ်တိပတ်တိမပြောပဲ ငူငူငိုင်ငိုင်နဲ့ ဖြစ်နေပေသည်။
တကယ်ဆို နှစ်ယောက်သားက ခရီးတောက်လျှောက်မှာလည်း အဆင်ပြေလာခဲ့သားပဲ မဟုတ်လား။ အခုပြန်ရောက်လာတော့ကြမှ သော်တာမှူးဝေရဲ့ မူက တစ်မျိုးပြောင်းနေလေတော့ အရိပ်တကြည့်ကြည့်နဲ့ ထိုက်ထိုက်စံတို့ စိုးရိမ်နေရပြီလေ။
'သူသော့်ကို အထင်လွဲစရာ တစ်ခုခုများ လုပ်မိထားသေးလား'
ထိုက်ထိုက်စံတစ်ယောက် သူတို့ အရှေ့လိုင်းမှာ ထိုင်နေသည့် သော်တာမှူးဝေအား လိုက်ကြည့်နေရင်းပဲ စဉ်းစားနေမိခြင်းဖြစ်သည်။
သော်တာမှူးဝေကကြပြန်တော့ သူ့ဘာသူ တစ်ယောက်တည်း တစ်ဖက်သတ်အတွေးတွေနဲ့ အတွေးများနေမိတာရယ်ပါ။
သူ့ကို ထူးလဲ့မ ပြောပြလို့ သိလိုက်ရတယ်။ ထူးလဲ့မကလည်း အမချမ်းမျိုးသူကနေတစ်ဆင့် သိခဲ့ပုံပဲ။ ဒီပြီးခဲ့တဲ့ ကျောင်းပိတ်ရက်တုန်းက မထိုက် အမချမ်းမျိုးသူတို့ ဂေဟာမှာ လုပ်အားပေးသွားလုပ်ခဲ့တယ်ဆိုတာ။ အဲ့တုန်းက ခိုင်မာမော်လည်း ပါခဲ့သည်တဲ့လေ။
သူအဲ့အကြောင်းကို ကြားလိုက်ရတုန်းက စိတ်ထဲမှာတစ်မျိုးကြီးပဲဖြစ်သွားခဲ့မိတယ်။ တကယ်ဆို အဲ့တုန်းက သူနဲ့ မထိုက်ကလည်း ရည်းစားတွေဖြစ်ကြသေးတာမဟုတ်ဘူး။ အဲ့အပြင်သူက ထက်ဘုန်းရှိန်နဲ့တောင် တွဲနေလိုက်သေးတယ်လေ။
ပြောရရင် သူဆုံးဖြတ်ချက် မပြတ်သားသေးတဲ့အချိန် ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်နေတဲ့အတောအတွင်းမှာ ခိုင်မာမော်ကတော့ သူချစ်ရတဲ့သူဆီက အချစ်တွေပြန်ရဖို့ ကြိုးစားအားထုတ်ခဲ့သည်။ သို့ပေမယ့် စိတ်မကောင်းစွာပဲ မထိုက်က သူ့ကိုသာ ရွေးချယ်ခဲ့တယ်။ ဆိုပေမယ့်လည်း သူ့မှာ ခိုင်မာမော်လိုမျိုး ကြိုးစားမှုကော ဖွင့်ပြောရဲတဲ့ သတ္တိကောရှိမနေပါဘူး။
အဲ့အချက်ကပဲ သူ့ကိုတော်တော်လေးတုန်လှုပ်စေခဲ့ပါသည်။ အကယ်၍ မထိုက်သာ ခိုင်မာမော်ရဲ့ပိုးပန်းမှုတွေကို သဘောတွေ့သွားခဲ့ရင် မထိုက်ကသာ ခိုင်မာမော်ရဲ့ ဆွဲဆောင်မှုတွေနောက်မှာ မျှောပါသွားခဲ့ရင် သူတော့ အခက်တွေ့ရချည်ရဲ့လေ။
YOU ARE READING
ME AFTER YOU
Romance❤ မင်းနဲ့တွေ့ပြီး နောက်ပိုင်းမှ ချစ်ခြင်းအစစ်အမှန်ကို ခံစားခဲ့ရတယ်... ကိုယ်တို့တွေ အတိတ်မှာ တစ်ယောက်ကြောင့် တစ်ယောက် ဘယ်လောက်ပဲ နာကျင်ကြေကွဲခဲ့ရပါစေ... တစ်ယောက်ကို တစ်ယောက် မချစ်မိခဲ့တဲ့ အချိန်ဆိုတာတော့ မရှိခဲ့ကြပါဘူးလေ... ❤ မင်းနဲ့တွေ့ပြ...