Unicode
.
.
.
.
.လူမှုကွန်ရက်စာမျက်မှာထက်မှာ သူ(မ)ရဲ့ ကောင်းသတင်းပဲ မြင်တွေ့နေရသည်။
စစ်တမ်းတခုရဲ့ကောက်ယူချက်အရ ဒီလအတွက် နိုင်ငံရဲ့ ထိပ်သီးအနုပညာရှင်စာရင်းမှာ သူ(မ)က နံပါတ်တစ်နေရာမှာ ရှိနေသည်။ နောက်လအတွက် တစ်နေရာမှာ ထပ်မံရှိနေဖို့ကလဲ သေချာနေ၏။
ရုပ်ရည်ရူပကာနဲ့ ပင်ကိုယ်စိတ်နေစိတ်ထားကလဲ အပြစ်အနာအဆာကင်းသလို မိသားစုအသိုင်းအဝိုင်းကလဲ သာမန်မဟုတ်။
အဖက်ဖက်က ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံနေရတာ ဘယ်ဘ၀အဆက်အဆက်က ဘယ်လိုကောင်းမှုတွေများ ပြုလုပ်ခဲ့ပါလိမ့်...။
သူ(မ)က ခေတ်လင်းတာရာ။
Planetarium Entertainmentလက်အောက်မှာ ရှိတဲ့ နာမည်ကျော်ကြားလှတဲ့ အနုပညာရှင်တွေထဲက တယောက်။အသက်အရွယ်အားဖြင့် နှစ်ဆယ့်လေးနှစ်။
နက္ခတ်တာရာပြခန်းလို့ အမည်ရပေမယ့် ကြည့်စရာဆိုလို့ ခေတ်လင်းတာရာဆိုတဲ့ သူမပဲ ရှိမည်။
သူ(မ)ကို တန်ဖိုးထားမြတ်နိုးရတဲ့သူတွေ ပေါများလွန်းသလို မနာလိုမုန်းတီးကြတဲ့ လူအချို့ရော မရှ်ိနိုင်ဘူးလား။
အဆင့်သတ်မှတ်ချက်တခုမှာ နံပါတ်တစ်ဖြစ်သွားရတာနဲ့တင် တော်တော်လေး ဝေဖန်ခံလိုက်ရသေးတယ်မလား။
ဒါပေမယ့် ဒါတွေက ဘယ်လောက်ခံမှာလဲ။ အရေးမပါတာတွေ။
တန်ဖိုးထားချစ်ပေးကြတဲ့သူတွေ၊ ကာကွယ်ပေးကြသူတွေ ရှိလာတော့လဲ ဒီနေရာဟာ သူ(မ)နဲ့ ထိုက်တန်ရဲ့လား စဉ်းစားမိသည်။
စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ့်သူ လူဘယ်နှစ်ယောက်များများ ရှိနေမှာမလို့လဲ။ အမှားလုပ်မိရင် အနားက ချက်ချင်းထွက်သွားကြမှာ မဟုတ်ဘူးလား။
ဒီနှစ်တွေမှာ လူအမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ရပြီးပြီ။ ရှေ့တမျိုး၊ နောက်တမျိုး၊ ကွယ်ရာတမျိုးနဲ့ နောက်ကျောကို ဓားနဲ့ထိုးမယ့် လူတွေ။ အတိတ်က မှောင်မိုက်ခဲ့ပြီး နာကျင်ခဲ့ရလွန်းလို့ ပြန်မတွေးချင်လောက်အောင်ပဲ။
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...