A Perfect Puzzle - 23

786 48 3
                                    

Unicode

.
.
.
.
.

Hair Salonမှာ ခေါင်းလျှော်နေရင်း ဖုန်းကြည့်နေမိသည်။ အကြောင်းအရာကို စိတ်၀င်စားစွာ ဖတ်ရှူနေတုန်းမှာပဲ ဖုန်းက မျက်နှာထက်ကို ပြုတ်ကျ၏။

ပြီးတော့ ကြမ်းပြင်ပေါ်ကို ခွပ်ခနဲ...။
ခေါင်းလျှော်‌လက်စနဲ့မို့ ဖုန်းကို ဘေးနားက မန်နေဂျာအစ်မက ကောက်ပေးသည်။

" ရေထဲမကျလို့ တော်သေးတယ်..."

" ကျေးဇူးအစ်မ... "

" အဆင်ပြေရဲ့လား... "

" ဟုတ်... "

" Companyဘက်က ဖြေရှင်းပေးရမလား.. ခေတ်ရဲ့ သဘောထားကရော... "

" နေပါစေ အစ်မရယ်.. ကူးနဲ့ဆိုဖီရော.. Companyမှာပဲလား.. ပြီးရင် သူတို့ဆီခဏသွားလို့ ရတယ်မလား... "

" ရတယ်လေ... "

Companyရဲ့ နားနေခန်းတခုအတွင်းမှာတော့ ခေတ်တို့သူငယ်ချင်းတွေ လူစုံနေသည်။ ဟိုနှစ်ယောက်က အခြေအနေတင်းမာနေကြပြီး ကူးက စိတ်ပျက်လက်ပျက်နဲ့ ပြတင်းပေါက်ဘောင်ကို မှီထိုင်နေ၏။

" ဆိုဖီ တော်တော့ကွာ.. မဟုတ်မှန်းသိရဲ့သားနဲ့ ပြဿနာမလုပ်နဲ့တော့... "

" နင်သာ အလိုလိုက်ပြီး အဲ့ကောင်မကို အနားကပ်မခံရင် ငါ ပြဿနာလုပ်စရာ မလိုဘူး! "

" သူ့ဟာသူ လာကပ်နေတာ ဘယ်လိုလုပ်ရမှာလဲ.. နင် ငါ့ကို မယုံမှတော့ ငါလဲ ဆက်ဖြေရှင်းမှာ မဟုတ်ဘူး... "

ဆိုဖီယာက ထင်ရ မျက်နှာတည့်တည့်ကို ပိုက်ဆံအိတ်နဲ့ ပစ်ပေါက်လိုက်သည်။ သူ့ရည်းစားဆီက အားခနဲ ညီးညူးသံ ကြားရချိန်မှာတော့ မဝေးတဲ့အကွာအဝေးကို ခလုတ်တိုက်မတက်ပြေးသွားပြီး မျက်ရည်လည်ရွှဲနဲ့ ပြန်တောင်းပန်တော့သည်။

ခေတ်နဲ့ကူးကတော့ ကြမ်းပြင်မှာ ထိုင်နေရင်း မျက်စိရှေ့က တခန်းရပ်ပြဇာတ်ကို ကြည့်နေလိုက်သည်။ ကူးက ခေတ် ပုခုံးကို ခေါင်းမှီလာတော့ ဒီလိုအပူပင်တွေ ကင်းမဲ့ရှာသူရဲ့ ပုခုံးကိုသာ ပြန်ဖက်ထားလိုက်တော့သည်။

" မျက်လုံးက အဆင်ပြေရဲ့လား... "

" ပြေတယ်.. ဆိုဖီ ဓာတ်ပုံရိုက်ပေးစမ်းပါ... "

Searching For HappinessOpowieści tętniące życiem. Odkryj je teraz