U-Shape Sofaရဲ့ အစွန်ဆုံး တဖက်တချက်ဆီမှာ ဖေဖေနဲ့မေမေ ထိုင်နေကြပြီး သားကတော့ အမွှေးပွကော်ဇောခင်းထားတဲ့ အောက်ကြမ်းပြင်မှာထိုင်ရင်း သစ်သားနဲ့ပြုလုပ်ထားတဲ့ အရုပ်လေးတွေနဲ့ ဆော့ကစားနေသည်။
သူ့ဘေးနားမှာ Chessခုံရှိနေပြီး လက်ထဲမှာတော့ ဖုန်းတလုံးကို အယောင်ပြကိုင်ထား၏။ ဖုန်းကို ခေါက်ချိုးလိုက်၊ ပြန်ဖွင့်လိုက်နဲ့ တယောက်ထဲအလုပ်များနေရသည်။
မျက်နှာချင်းဆိုင်က ဘေဘီ့ကို လှမ်းကြည့်လိုက်သည်။ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ပုံစံကအစ စွဲမက်ဖွယ်အတိ။ ခါးမတ်မတ်နဲ့ခြေချိတ်ထိုင်နေပြီး Magazineစာအုပ်ဖတ်နေပုံက လုံး၀စမတ်ကျလွန်းသည်။
ရှင်းသန့်ဖြူဥနေပြီး သွေးကြောစိမ်းတွေပါ မြင်နေရတဲ့ ခြေဖမိုးနဲ့ ခြေချောင်းတွေဆီ အကြည့်ရောက်မိတော့ ချက်ချင်းပဲ ခြေတော်ရင်းမှာ ခစားမိချင်စိတ်တွေ ဖြစ်ပေါ်လာရတော့သည်။
ဘေဘီ့ကိုအကြည့်လွှဲပြီး သားအနားသွားထိုင်လိုက်သည်။ ကလေးလေးဟာ လေယာဉ်ပျံရုပ်ကလေးနဲ့ ဆော့ကစားနေပြီး အပူအပင်ကင်းမဲ့စွာနဲ့ ပြုံးရယ်နေလေ၏။
အိစက်နေပြီး နီရဲနေတဲ့ ပါးပြင်လေးကို လက်ညှိုးနဲ့တို့နေမိရင်း စိတ်ထဲက လောင်မြှိုက်နေတာတွေကို လျော့ရသည်။
ဖေဖေက ဖေဖေ့သားအတွက်ဆို ဘာမဆိုအကုန်လုပ်နိုင်တယ်။ သားရဲ့ မေမေအတွက်သာဆိုရင် ဒီထက်မက အတိုင်းထက်အလွန်ပေါ့။
ခေတ် ဖုန်းရဲ့ Lock Screenဟာ သားသားရဲ့ မြင်ရခဲတဲ့ အားရပါးရ ရယ်မောနေတဲ့ပုံလေးကို အမိအရရိုက်ကူးထားတဲ့ပုံဖြစ်သည်။
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...