After the Storm - 21

835 40 4
                                    

Unicode
.
.
.

Recommend Song
GOT7 - Not By The Moon

.
.
.

ကိုကိုဟာ ဒီခရီးစဉ်မှာ ‌ခေတ်ရဲ့လက်ဆောင်ဖြစ်တဲ့ နာရီကို ၀တ်ဆင်မလာပါ။ ခေတ် ပေးထားတဲ့ Brandမဟုတ်ပဲ၊ တခြားBrandကို ညာဘက်လက်မှာ ၀တ်ဆင်ထားပြီး ဘယ်ဘက်လက်မှာ ခေတ်နဲ့ဆင်တူဖြစ်တဲ့ Knot Bangleက နေရာယူထားသည်။

" နာရီဘယ်မှာလဲ... "

အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ဘာလို့ ၀တ်မထားတာလဲ၊ တန်ဖိုးမထားတာလား၊ ပေးတဲ့သူကို အလေးအနက် မထားတာလား။

" ဖြေလေ... "

" ကိုယ် ယူမလာခဲ့ဘူး... "

လေးတိလေးကန် အသံနဲ့ ပြန်ဖြေလာ၏။

" အကြောင်းပြချက်... "

" မင်းဆီက လက်ဆောင်ရထားတာမို့ ထုတ်၀တ်ရမှာ နှမျောတယ်... မတော်တဆ ခြစ်ရာလေးတခုတောင် ကိုယ်မလိုချင်ဘူး... "

အဖြေကို စိတ်တိုင်းမကျသေးပါ။

နေ့လည်စာစားပြီး အခန်းထဲ ပြန်ရောက်ချိန်ထဲက စကားပြောရတာ အဆင်‌မပြေ။ သုံးနာရီ... သုံးနာရီတိတိ စကားပြောနေခဲ့ကြတာ။

" မနက်ဖြန် ဘယ်သွားမှာလဲ... "

ဒီမေးခွန်းကို စိတ်ကျဉ်းကျပ်စွာနဲ့ မေးလိုက်သည်။ ဘာအတွက်ကြောင့် မေးလိုက်မိမှန်းတော့ သေချာမသိ။ သေချာသိတာကတော့ ဒီလိုအခြေအနေနဲ့ အိမ်မပြန်ချင်ဘူး။

" မြစ်ဆုံ... "

" ဒီနေ့အတွက်ကရော... "

" နတ်ကျွန်း... "

" ခုနက မေးတော့ မနက်ဖြန်မှဆို... " ‌

မျက်စောင်းမထိုးမိသွားအောင် တော်တော်လေး ကြိုးစားယူလိုက်ရသည်။

" အခုမှ ထက်အောင်က ပြောလာလို့... "

ခုနတုန်းက ခဏဆိုပြီး အပြင်ထွက် ဖုန်းပြောနေတုန်း စိတ်တည်ငြိမ်အောင် မနည်းကြိုးစားထားရတာ...။

" အ၀တ်အစားလဲမလို့ ခဏအပြင်ထွက်ပေး... "

ခုတင်တခုထဲပေါ်မှာ ထိုင်ရင်း စကားပြောနေကြပေမယ့် ခေတ်က ပြတင်းပေါက်ရှိရာကို မျက်နှာမူထားပြီး ကိုကိုကတော့ ခေတ်ကို မျက်နှာမူထားသည်။ ကိုကို့မျက်နှာကို ကြည့်မိရင် အလျော့ပေးမိမှာ စိုးရိမ်တာကြောင့် တချက်မှ လှည့်မကြည့်ပါ။

Searching For HappinessDonde viven las historias. Descúbrelo ahora