Deeper In Love - 34

933 35 6
                                    

Recommend Song
GOT7 - Love Loop

.
.
.
.
.

ဇာတ်လမ်းရဲ့ Tempoအမြင့်ဆုံးအခန်းကို ရိုက်ကူးပြီးစီးနောက် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ။ ဘယ်သူ့ကိုမှ စကားမပြောချင်ပဲ နားလိုက်ချင်သည်။ နားလို့မဖြစ်။ လုပ်စရာတွေ အများကြီးကျန်ရှိနေသေး၏။

" ခေတ်.. အဆင်ပြေလား... "

" ဟုတ်ကဲ့.. အဆင်ပြေပါတယ်... "

" အဲ့တာဆို ခဏနားပြီး ပြန်စမယ်... "

Monitoringလုပ်ပြီး ပြန်ဖြေပေးလိုက်သည်။ လုပ်ယူစရာမလိုအောင် ခံစားချက်တွေ ထပ်တူကျနေတော့လဲ အပိုအလိုမရှိကွက်တိ။

ကိုယ်စီအလုပ်တာ၀န်တွေနဲ့ လှုပ်ရှားနေကြတဲ့လူတွေ၊ ငါကရော ဒီနေရာမှာ ဘာလုပ်နေတာလဲ။

ကိုယ့်ဖြစ်တည်မှုကို မေ့လျော့နေမိတဲ့အခိုက်အတန့်ပါလား။ ရင်ထဲမှာ အချစ်မရှိလို့ ဒီလိုတွေ ခံစားနေရတာဖြစ်မည်။

" တာရာ... "

ခေါ်သံကြောင့် သွေးကြောထဲ ဖျင်းခနဲ ခံစားလိုက်ရ၏။ ချက်ချင်းပဲ ဘေးနားကလူကို လှည့်ကြည့်လိုက်သည်။

" ကော်ဖီ... "

" ကျေးဇူးတင်ပါတယ်.. မသောက်တော့ဘူး... "

" ခုနက အရမ်းမိုက်တယ်... "

" ကျေးဇူး... "

ကိုယ်ဘယ်သူနဲ့မှ Skinshipမရှိခဲ့ဘူး။

ဟုတ်တယ်။ ရှင့်မှာ အပြစ်မရှိဘူး။ ကျွန်မမှာပဲ။

" တာရာ.. ရိုက်ကူးရေးက နောက်အပတ်ဆို ပြီးပြီနော်... "

" ကျွန်မတခုလောက် ပြောလို့ရမလား... "

" ဟုတ်ကဲ့... "

" ကျွန်မကို တာရာလို့ခေါ်တာ သဘောမကျဘူး.. အစ်ကိုမှ မဟုတ်ဘူး.. ကျွန်မရဲ့‌Boyfriendက ခေါ်ရင်ကို မကြိုက်တာပါ.. ခေတ်လို့ပဲ... "

အားတုံ့အားနာဖြစ်သွားပုံရ၏။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားကိုမှ ဒီလိုပြောလိုက်တဲ့အတွက် ဘယ်သူ့ကိုတောင်းပန်ရဦးမလဲ ပြော။

" ကိုယ်.. ဆောရီး... "

" ရပါတယ်.. ကျွန်မကလဲ အားနာပါတယ်... "

Searching For HappinessWhere stories live. Discover now