Recommend Song
GOT7 - Save You.
.
.
.
." ကိုကို့မေမေကို တောင်းပန်ရမလားဟင်... "
" မလိုပါဘူး.. ခေတ်ရယ်.. ခေတ်အမှားတခုမှ မပါတာကို ဘာလို့တောင်းပန်ရမှာလဲ... "
" အဲ့တာဆို ကိုကိုနဲ့ မနေတော့ဘူး... "
" ဘာမှမဆိုင်ဘူး... "
ငိုချင်ပေမယ့် အဆူခံရမှာ စိုးရိမ်တာကြောင့် ထိန်းထားပုံလေးကို ကြည့်ပြီး ကိုကိုရှိတယ် ခံစားနေရသမျှ ဖွင့်ချလိုက် အားရပါးရ၊ ငိုလိုက်ဆိုပြီး ပြောချင်ပေမယ့်... မျက်လုံးကို ဂရုစိုက်ရမည်။ သုံးလဆိုတဲ့ အချိန်ကာလဟာ သေချာဂရုစိုက်ဖို့လိုအပ်နေဆဲပဲ။
" ဆိုင်တယ်.. အခုတောင် သူ့သားနဲ့ တအိမ်ထဲနေနေတာ.. ဆိုပြီး... "
" နေတော့ဘာဖြစ်လဲ.. သူတို့က ပိုတောင်ဆိုးသေးတယ်... "
ငိုမဲ့မဲ့နဲ့ ပြန်ကြည့်လာ၏။ မျက်ရည်စတွေနဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခတ်လာတိုင်း ရင်ထဲကလည်း တလှပ်လှပ် လှုပ်ရှားပြန်သည်။
" ဘာဆိုးတာလဲလို့ ပြန်မေးလေကွာ... "
" မသိချင်ဘူး.. ကိုကို့မေမေက ခေတ်ကို မကောင်းမြင်မှာ အရမ်းစိုးရိမ်နေတယ်... "
" အာကာထက်ပိုင်ကလေ.. သမ်မတကြီးနဲ့ မေမေ့ရဲ့ တိတ်တိတ်ပုန်းသားပဲ.. အဲ့တုန်းက မေမေက အသက်တောင်မပြည့်သေးဘူးတဲ့.. အဲ့အချိန်ကကွာ လူကြီးတွေက အရမ်းရှေးရိုးဆန်ပြီး ရုပ်ရှင်ဆန်ဆန်တွေးကြတယ်.. အဲ့ကောင်မွေးတုန်းက အသက်မရှိတော့ဘူးဆိုပြီး မေမေ့ကို ညာထားပြီး မေမေ့ရဲ့ အမေ၊ ကိုယ့်အဘွားက ဖေဖေနဲ့ ခွဲလိုက်တာ .. ဒါမဲ့ မရပါဘူး.. ကိုယ့်အသက် ဆယ်နှစ်ကျော်မှ အဲ့ကောင်ရှိမှန်း သိခဲ့ရတာ... "
" အဲ့ကောင် အဲ့ကောင်နဲ့.. အကြီးကို... "
" ကြည့်မှမရတာကို.. အဲ့ကောင်အကြောင်း ထားလိုက်တော့.. ကိုယ် မေမေနဲ့ ဖုန်းပြောပြီးပါပြီ.. မေမေက ခေတ်ကို စိတ်ပူနေတာပါ.. မနေ့က ကိုထိုက်ကိုလည်း မတွေ့ဘူး ရှောင်နေတာဆို... "
မေမေက ခေတ်အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့လေးနက်တဲ့စိတ်ကို သိသည်။ အရင်ဆုံး ဖုန်းဆက်လာသူက မေမေပင်။ ဒေါသအရမ်းမထွက်ဖို့နဲ့ စိတ်လိုက်မာန်ပါ မလုပ်ဖို့ ပြောလာပြီး ခေတ်ကို သေချာဂရုစိုက်ဖို့ မှာကြားလာသည်။
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...