You're Like My Dream - 13

876 43 2
                                    

Recommend Song
TWICE- BETTER

Unicode

.
.
.
.
.

" ဒါ ကျနော့်သားအငယ်ပါ.. ထင်သန့်ထက်ပိုင်တဲ့... "

" အေးကွာ.. တွေ့ရတာ၀မ်းသာတယ်... "

ခေတ်ရဲ့အဘိုးက ဖြူဖွေးနေတဲ့ ဆံပင်တွေနဲ့ ပါးရေနားရေတွန့်နေပြီဆိုပေမယ့် သန်သန်မာမာရှိသည်။ ခေတ်ရဲ့ မျက်၀န်းအစုံက နူးညံ့သိမ်မွေ့သလောက် ဘိုးဘိုးကတော့ စူးရှမာကျောနေပြီး အကြည့်တို့က မသော်နဲ့တူသည်။

အသက်ခုနှစ်ဆယ်ကျော်ဆိုပေမယ့် အခုထိ ဆိုင်ကယ်တစီးနဲ့ တောင်ပေါ်မြေပြန့်လှည့်ပတ်သွားနေဆဲ။

ဒီမှာရှိနေတဲ့ လူတွေအားလုံးထဲမှာ သူက လူသစ်ဖြစ်သည်။ သူ့ဖေဖေနဲ့ ကိုထိုက်ဖေဖေ၊ သူ့အစ်ကိုနှစ်ယောက်၊ ခေတ်ဖေဖေနဲ့ အဖိုးရယ်က တလမှာ နှစ်ကြိမ်လောက် ဂေါ့ဖ်ကွင်းမှာ ဆုံတက်ကြသည်။

အမှန်အတိုင်းပြောရရင် ဂေါ့ဖ်ကစားနည်းကို ငယ်ငယ်က ဖေဖေသင်ပေးပေမယ့်လည်း ကျွမ်းကျွမ်းကျင်ကျင် မကစားပေ။ သူ အားသန်တာက Chessနဲ့ တခြားဦးနှောက်သုံးရတဲ့ ကစားနည်းမျိုးသာ။

" မင်းက ထိုင်နေတော့မှာလား... "

" ခင်ဗျာ.. ဟုတ်ကဲ့.. ကျနော်သိပ်မကျွမ်းကျင်လို့ပါ... "

" ကျွမ်းကျင်အောင် သင်ဖို့ မကြိုးစားကြည့်တာပါကွ... "

မျက်နှာပူနေပေမယ့် လက်ဖျားတွေအေးစက်နေပြီး ရှက်ရယ် ရယ်မိသည်။ လူကြီးတွေနဲ့ စကားသိပ်မပြောတက်ပေမယ့် လူကြီးတွေက သူတို့ပြောစကားကို ဂရုတစိုက်နားထောင်ပေးရင် သဘောကျတက်မှန်းသိ‌တော့ ပြောလာသမျှကို နားထောင်ပေးဖို့သာ ကြိုးစားရတော့သည်။

" ငါ့မြေးမလေးကို သိသလားကွ..."

" ခင်ဗျာ.. ဟုတ်ကဲ့.. ကျနော်သိပါတယ်... "

" သဘောကျသလား... "

ငါတော့ မှားပြီ။ ဂေါ့ဖ်သွားရိုက်တာက ဒီလောက် မခက်ခဲလောက်ဘူး ထင်သည်။

သဘောကျတာပေါ့... ။
ကျနော့်အတွက် မရှိမဖြစ်လိုအပ်တဲ့ တဦးတည်းသော မိန်းကလေးပဲ။

Searching For HappinessTempat cerita menjadi hidup. Temukan sekarang