Stay with me - 18

846 37 7
                                    

Unicode
.
.
.
.
.

Recommend Song
Mark Tuan (GOT7) - One In A Million

.
.
.

ဖြစ်ချင်တဲ့ ဆန္ဒခု

- ကိုကို့အနားမှာ ကြောင်လေးတကောင်လို ခေါင်းလေး‌တိုးဝှေ့ပြီး ချွဲချင်နေတာ။

လတ်တလော စိတ်၀င်စားနေတဲ့အရာ

- ကိုကို့ကို ထမင်းဟင်းချက်ကျွေးတာ။

စိတ်ကူးထဲက Ideal typeက ဘယ်လိုလဲ

- သေချာတာကတော့ စိတ်ကူးထဲက Boyfriendနဲ့ ကိုကို့ပုံစံနဲ့ တခြားစီပဲ။ နောက်မှ အသေးစိတ်ပြန်ပြောမယ်။

တလလောက် အားလပ်ရက်ရင် ဘာလုပ်လဲ

- ကိုကိုနဲ့အတူတူ အိမ်ထဲမှာပဲနေမယ်။

အနာဂတ်မှာ ကလေးလေးတွေ ဘယ်နှစ်ယောက်လောက်လိုချင်လဲ

- သုံးယောက်၊ အင်း... လေးယောက်။

ပရိတ်သတ်တွေကို ဘာပြောချင်လဲ

- ကိုကိုက လူကောင်းတယောက်ပါ။ ခေတ်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုကိုသာ အလေးနက်ထားတဲ့လူဖြစ်တာကြောင့် ခေတ်ကို ကိုကိုနဲ့ စိတ်ချထားလို့ရပါတယ်။

:
:

" ဘာတွေစိတ်ကူးယဉ်နေတာလဲ..."

ပုခုံးကို ညင်ညင်သာသာလေး ထိတယ်ဆိုယုံ ထိလိုက်ပေမယ့် ကိုယ့်အတွေးနဲ့ကို ဆိုတော့လည်း ရင်တုန်သွားရ၏။

" Reporterရောက်နေပြီ.. အဆင်သင့်ဖြစ်ရင် ရိုက်ကူးရေးစကြစို့... "

" မသော်ကရော... "

" ငါ လိုက်စောင့်ပေးရဦးမှာလား.. တက်သစ်စလဲ မဟုတ်ဘူး... "

မှန်ကတဆင့်မြင်နေရတဲ့ မသော်ကိုပဲ မျက်စောင်းထိုးလိုက်သည်။

" အငယ်တွေပဲ ဦးစားပေးလိုက်ပါ.. ရပါတယ်နော်..."

" သွားပြီ... "

Searching For HappinessTahanan ng mga kuwento. Tumuklas ngayon