Colorful Love - 29

819 40 2
                                    

" ကိုကို.. သူငယ်ချင်းတွေနဲ့ ဒီနားအလည်သွားချင်လို့... "

" ဘယ်လဲ... "

" Bangkok... "

" နာမည်အပြည့်အစုံပြောနိုင်ရင် သွားခိုင်းမယ်... "

ဟာဆိုတဲ့ စိတ်တိုသွားတဲ့အသံလေးနဲ့ မျက်နှာလေးစူပုတ်သွားတာကို ကြည့်ပြီး မျက်နှာတပြင်လုံးကို နမ်းရှုံ့လိုက်သည်။

" မိတ်ကပ်တွေ ပျက်ကုန်မယ်... "

" အင်း မနာလိုလို့လေ.. ဘေဘီ့မျက်နှာပေါ်မှာ နေရာယူထားတာကို မနာလိုလို့... "

" မလုပ်နဲ့လို့.. အစားစားနေတာကို အဲ့လိုတွေမကြိုက်ဘူးကွာ... "

" အုန်းနို့ခေါက်ဆွဲထဲ ငရုတ်သီးတွေ အများကြီးထည့်ထားတာမလား.. စပ်နေမှန်းသိလို့ သက်သာအောင်လုပ်ပေးတာကို... "

" ငြိမ်ငြိမ်နေပြီး စားလိုက်တော့... "

Breakfastစားပြီးရင် ရုံးသွားရမည်။ ဘေဘီက ကိုကိုနဲ့ လိုက်ခဲ့ချင်ပါတယ် ပြောလာတော့လဲ ငြင်းဆန်စရာအကြောင်းမရှိ။

ပန်းကန်ဆေးခြင်းကိစ္စကို အလှည့်ကျတာ၀န်ခွဲထားသည်။ ခေတ်က မနက်ပိုင်းတာ၀န်ယူပြီး၊ သူကတော့ ညပိုင်း။ နေ့လည်စာအတူတူစားဖြစ်တာ ရှား‌ပေမယ့် စားဖြစ်တဲ့နေ့ဆိုရင်တော့ အတူတူဆေးကြသည်။

" သွားမယ်လေ.. ဘာလို့ထိုင်နေပြန်တာလဲ... "

" Bangkokသွားချင်တာဆို... "

" လမ်းမှာပြောလဲ ရတာကို... "

" ကိုယ့်‌အပေါ်ထိုင်... "

မျက်ခွံအထက်က ပြောင်လက်လက်အရာတချို့က သူ့နှုတ်ခမ်းထက် ကူးပြောင်းလာသည်။ ကလေးကို သူ့အပေါ်မှာ တင်ထားပြီး တကိုယ်လုံး ပွေ့ဖက်ထားရတာကို သဘောကျသည်။ ဘေဘီကသာ ခွင့်ပြုရင် တသက်လုံး ပွေ့ချီထားလိုက်ချင်သည်။

" ကိုယ်လိုက်ပို့ပေးပါ့မယ်.. သူငယ်ချင်းတွေနဲ့ သွားချင်လဲ သွားလေ.. ကိုယ်လိုက်ခဲ့ပေးမယ်.. ဒီတပတ်အတွင်းတော့ မရသေးဘူး... "

" ကူးတို့နဲ့တိုင်ပင်ကြည့်လိုက်မယ်... "

" အင်း... "

ဘေဘီ့ပုံစံက သူလိုက်မပို့နိုင်လဲ အဆင်ပြေတဲ့ပုံစံပဲ။ သူမပါလဲ ဖြစ်တယ်ထင်သည်။ ကလေးက အရင်ထဲက အလုပ်ကိစ္စနဲ့ ခဏတိုင်းခရီးသွားနေရတော့ အခုအိမ်မှာ ငြိမ်ငြိမ်နေနေရတာကို ငြီးငွေ့လာပုံရ၏။

Searching For HappinessWo Geschichten leben. Entdecke jetzt