Obsessed With You - 7

1.5K 61 3
                                        

Unicode

.
.
.
.
.


အောင်မြင်ကျော်ကြားမှုနဲ့အတူ တပါထဲယှဉ်တွဲလာတာကတော့ အတင်းအဖျင်းပဲဖြစ်လိမ့်မည်။

နာမည်ကြီးလူကြိုက်များနေတဲ့ မင်းသားတယောက်နဲ့ ခေတ်နဲ့ တဝိုင်းထဲအတူတူထိုင်နေတဲ့ ဓာတ်ပုံတချို့က social mediaမှာ ပြန့်နှံ့နေ၏။ လိုက်ဖက်သည်ဟုဆိုကာ ချက်ချင်းပဲ ခေတ်တို့နှစ်ဦးသားရဲ့ fan pageတွေပါ ပေါ်ပေါက်လာသည်။

သတင်းခေါင်းစဉ်က လူစိတ်၀င်စားစရာကောင်းအောင် ရေးထားပေမယ့် အကြောင်းအရာကတော့ တကယ့်ကို ပေါက်ပန်းလေးဆယ်တွေသာ။

တဖက်ကလူရဲ့ တချို့သော ပရိတ်သတ်က သဘောထားကြီးကြီးနဲ့ သူတို့အချင်းချင်း ထိန်းထိန်းသိမ်းသိမ်းရှိကြပေမယ့် တချို့ကတော့ ဆိုးဆိုးဝါးဝါးတွေ ပြောဆိုနေကြသည်။

ခေတ်ကတော့ အကြောင်းအရာတခုကို ဂဃနဏမသိပဲ တဖက်သတ်အမြင်နဲ့ စွပ်စွဲပြောဆိုကြတိုင်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ မကျေမနပ်ဖြစ်ရ၏။

အခုလဲ ဒေါသထွက်တယ် မဟုတ်ပေမယ့် စိတ်ပျက်မိသည်။ ခေတ်ဆိုရင် ဘယ်တော့မှ သူများကိစ္စကို သေချာမသိပဲ ၀င်မ‌ပြောဘူး။

ထိုင်နေရတာ စိတ်ရှုပ်လွန်းလို့ မသော်ဆီ သွားတော့လဲ နေရာမှာ ရှိမနေတာကြောင့် ထိုင်စောင့်နေရသည်။

အလကားနေ ဆူခံရဦးမှာလား မသိပါဘူး။

ရုံးခန်းတံခါးဖွင့်သံကြောင့် ၀မ်းသာအားရလှည့်ကြည့်လိုက်ပေမယ့် မထင်မှတ်ထားတဲ့ လူကြောင့် သူ့ကိုသာ ရပ်ကြည့်နေမိသည်။

ဒီလူကို ခဏတိုင်း တွေ့နေရတာပဲ။

ဂျင်းJacketတထည်၊ အပေါ်အောက်မည်းနက်နေတဲ့ ဒီဇိုင်းနဲ့ ထိုလူရဲ့ သေသေသပ်သပ်ရှိနေတဲ့ သူ့ပုံစံကို သေချာစိုက်ကြည့်နေမိပြီးမှ သူကလဲ ခေတ်ကို ပြန်ကြည့်နေတာကြောင့် ရှက်သွားရ၏။ သူက မျက်နှာချင်းဆိုင်က ဆိုဖာမှာ ၀င်ထိုင်လိုက်သည်။

" ဟို.. မမနဲ့ လာတွေ့တာလား... "

" မင်းနဲ့ တွေ့ဖို့ လာတာတော့ မဟုတ်ဘူး... "

Searching For HappinessDonde viven las historias. Descúbrelo ahora