Extra - 5

715 33 4
                                    

Warning - မည်သည့်အသိပညာ၊ ဗဟုသုတမှ ရရှိမည်မဟုတ်ပါ။

.
.
.
.
.

‌ဘောလုံးပွဲကြည့်ဖို့ နှိုးစက်ပေးစရာမလို။ ညတနာရီထိုးတာနဲ့ မျက်လုံးက အလိုလိုပွင့်လာပြီး အသိစိတ်ကလဲ ဘောလုံးပွဲကြည့်ရမယ်ဆိုတဲ့ အသိနဲ့ နိုးလာသည်။

ဘေဘီက သူ့လက်မောင်းထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် အကျပ်ရိုက်သွားရ၏။

လှုပ်လိုက်ရင် သေချာပေါက် နိုးသွားမှာ။

အိပ်ပျော်နေပုံလေးက ချစ်စရာကောင်းလွန်းတာကြောင့် ပန်းသွေးရောင် နှုတ်ခမ်းဖူးဖူးလေးကို ကိုက်ပစ်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာရသည်။

အောက်ဆီဂျင် ပြတ်လတ်တဲ့အထိ နမ်းရှိုက်ရင်ဖြင့် ကလေးလေး ငိုများသွားမလား။

ပြည့်ဖောင်းနေတဲ့ ပါးလေးနှစ်ဖက်ကို လက်ညှိုးနဲ့ တို့ထိကြည့်နေစဉ်မှာပဲ မြတ်နိုးရတဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခပ်လာပြီး မျက်လုံးပွင့်လာတော့သည်။

" ကိုကို.. အိမ်သာသွားချင်တယ်... "

" အင်းအင်း ဖြည်းဖြည်းထ... "

အိပ်ချင်စိတ်မပြေသေးတာကြောင့် သူ့ကို မှီထားရင်း မျက်လုံးမှိတ်လမ်းလျှောက်နေသည်။

" ပြီးမှ ပြန်အိပ်နော်... "

" ကိုကို့ကြောင့်.. အိပ်ကာနီး ရေသောက်ခိုင်းလို့... "

" ထမင်းစားပြီး ရေသောက်ခိုင်းတာပါကွာ.. အဲ့တာဆို နောက်ရက်ကျ မစားခင်သောက်ခိုင်းမယ်... "

မျက်စောင်းထိုးရင်းပဲ သန့်စင်ခန်းထဲ ဝင်သွားသည်။ ခေတ်က တနေကုန်လို့မှ 1Lရေဘူးတဘူးပင် ကုန်အောင်မသောက်။ ဘေးနားကနေ ဂရုတစိုက်နဲ့ သောက်ခိုင်းနေရသည်။

" ကိုကိုက ဘာလို့နိုးနေတာလဲ.. ဘောလုံးပွဲကြည့်မလို့လား... "

ပုံမှန်အားဖြင့် တရေးနိုးတက်သူ မဟုတ်တာကြောင့် ခေတ်က တပ်အပ်မေးလာသည်။

" မစသေးပါဘူး.. နာရီ၀က်လောက်လိုသေးတယ်... "

" မနက်ဖြန် ရုံးကရော သွားမှာလား... "

Searching For HappinessWo Geschichten leben. Entdecke jetzt