ဂေါ့ဖ်ကွင်းမှာ Chessလာကစားနေတဲ့ ကိုကိုနဲ့ကမ္ဘာ။ ခေတ်ကတော့ သူတို့ကစားနေတာကြည့်ရင်း ပျင်းရိလာရပြီ။ ပြောရရင် ဘယ်ဟာက Bishopမှန်း မသိသလို၊ ဘုရင်နဲ့ဘုရင်မအရုပ်ကိုပင် ကောင်းကောင်းမခွဲတက်ပါ။
ကိုကိုက အမြဲတမ်းသပ်ရပ်စွာ ၀တ်စားဆင်ယင်တက်ပေမယ့် ဒီနေ့မှ ပိုပြီးကြည့်ကောင်းနေသလို ခံစားရသည်။
ထွေထွေထူးထူး ၀တ်စားထားတာလဲမဟုတ်။ ဖြူလွင်နေတဲ့ Teeတထည်၊ Blue Sky Cargo Pantsနဲ့ ဒီအတိုင်း ရိုးရိုးလေးပဲ။ အမယ်... ဆရာသမားက ဆွဲကြိုးတွေဘာတွေနဲ့။
ဆံပင်ကိုလဲ သေချာပုံသွင်းထားသည်။ ခေတ်က ကိုကို့ရဲ့ နောက်ကျောဘက်မှာ ထိုင်နေတာဖြစ်သည်။ ဒါကို ခဏတိုင်း ခေတ်ဘက်ကို လှည့်ကြည့်ကာ နဖူးထက်က ဆံပင်လေးကို သပ်တင်ပြီး ပြုံးပြလာသည်။
ကျယ်ပြန့်တဲ့ နောက်ကျောပြင်ကို ကြည့်တာနဲ့တင် ဒီဘ၀တင်မက နောင်သံသရာအဆက်ဆက်ကျင်လည်ချင်သည်။
" Checkmate... "
ကမ္ဘာဟာ ကိုကို့ကို တခါမှ အနိုင်မရဘူးပါ။ ဘုရားစူး တခါလေးမှကို မနိုင်တာ။
" ခေတ်.. ဒီမှာလာထိုင်... "
ခုနက ကမ္ဘာထိုင်ခဲ့တဲ့ ခုံမှာ၀င်ထိုင်လိုက်ပြီး Chessအရုပ်လေးတွေကို ပြန်စီလိုက်သည်။ နေရာတကျဖြစ်မှာတော့ မဟုတ်ပါ။
ကိုကိုက ခေတ်ရဲ့ ဘယ်ဘက်လက်ကို သူ့လက်ဖဝါးနှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်လာသည်။
" ပြန်ချင်ပြီလား... "
" ရပါတယ်.. ကိုကို.. ကိုကိုက Golfမရိုက်ဘူးလား... "
" ရိုက်စေချင်လို့လား... "
" မေးကြည့်တာပါ... "
ခေတ်တို့ ထိုင်နေတဲ့နေရာကနေ ဖေဖေတို့ ဂေါ့ဖ်ရိုက်နေတာကို မြင်ရသည်။ ကမ္ဘာကတော့ Chessရှုံးလို့ ဖေဖေ့အနားရောက်သွားရှာပြီ။
" မသွားဘူးလား... "
" တကယ်တော့ ကိုယ် ဒီနေ့Golfရိုက်ဖို့ လာတာမဟုတ်ဘူး.. တခြားအရေးကြီးတဲ့ကိစ္စလုပ်ဖို့လာတာ... "
" ဘာကိစ္စလဲဟင်... "
ရုတ်တရက်ပဲ ခေတ်အရှေ့မှာ ဒူးတဖက်ထောက်လိုက်သည်။ ဆုပ်ကိုင်ထားတဲ့ လက်ကိုလဲ လွှတ်မပေးပါ။
VOCÊ ESTÁ LENDO
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...