Extra - 7

763 32 3
                                    

(‌အပိုင်းမှားသွားလို့ ဆောတီးပါ)

.
.
.

" မမခေတ်.. ကလေးက ဘယ်နှစ်လရှိသွားပြီလဲဟင်... "

" ခြောက်လကျော်ပြီ ညီမလေး... "

မသော်က လူသစ်တွေ Auditionအတွက် Companyကို ခဏလာခဲ့ပါဦး ပြောလာတာကြောင့် မနက်ထဲက ရောက်နေရသည်။

အခုမေးလာတဲ့ ညီမလေးက ဟိုးအရင်ထဲက သိကျွမ်းလာတာကြောင့် ဖုန်းထဲက သားသားရဲ့ဓာတ်ပုံတွေ ပြလိုက်၏။

ခေတ်က သားဓာတ်ပုံလေးတွေကို Social Mediaမှာ မျှဝေချင်ပေမဲ့ ကိုကိုက လက်မခံ။ လက်ဖဝါး၊ ခြေဖဝါးလေးပုံတွေပင် မပြချင်တဲ့ ကိုကို့ကြောင့် သားသားကို မိသားစု၀င်တွေကလွဲပြီး မည်သူမျှ မမြင်ဘူးသေးပဲ ဖြစ်နေရသည်။

" သားသားက သူ့ဖေဖေနဲ့ ပိုတူတယ်... "

" မမနဲ့ မမအမျိုးသားကလဲ ရုပ်ချင်းဆင်တာပဲကို.. မျက်လုံးလေးက ဝိုင်းစက်နေတာပဲနော်.. ကြည့်ပါဦး‌ နှုတ်ခမ်းလေးက ချွန်နေတာပဲ.. ရုပ်တည်လေးနဲ့... "

သားက ငယ်ငယ်ထဲက မျက်နှာတည်လေးနဲ့ ဖြစ်သည်။ ကိုထိုက်နဲ့ မသော်ရဲ့ သားလိုမျိုး ဖိုးပြုံးချိုလေးမဟုတ်။

ကိုကို့မေမေကတော့ ငယ်ငယ်တုန်းက ကိုကို့မျက်နှာလေးနဲ့ တပုံစံထဲပဲဆိုပြီး မြေးအနှစ်ကို လက်ကမချပါ။

ဓာတ်ပုံတွေကြည့်နေရင်း အရမ်းသတိရလာတာကြောင့် ကိုကို့ဆီ ဖုန်းခေါ်လိုက်၏။ ချက်ချင်းပဲ လက်ခံဖြေဆိုသူကြောင့် ပြုံးမိသွားသည်။

" အင်း နေ့လည်စာ ဘာစားနေလဲ... "

" Sandwichနဲ့ ပဲနို့.. ကိုကိုရော... "

" ရှမ်းထမင်း.. ‌စားလို့ကောင်းပေမဲ့ အိမ်က မိန်းမလက်ရာလောက် မကောင်းပါဘူး... "

ပြောပြီး တယောက်ထဲ ရယ်နေတဲ့ကိုကိုကြောင့် ခေတ်လဲ ပျော်မိသည်။ သာမန်အသေးအဖွဲ့ကိစ္စလေးတွေ ပြောပြရတာကို နှစ်ယောက်လုံး သဘောကျသည်။ မပြောဖြစ်ကြရင်ပဲ တခုခုလိုနေသလို ခံစားရ၏။

" Deliနဲ့မှာစားတာလား... "

" ထက်အောင်နဲ့ သွားစားတာ.. သားကို အာကာထက်ပိုင်နဲ့ ထားခဲ့တာ... "

Searching For HappinessDonde viven las historias. Descúbrelo ahora