Rejection is Protection - 2

1.1K 50 0
                                    

Unicode

.
.
.
.
.
.

ဆူညံနေတဲ့ နှိုးစက်သံက သူ့အိပ်ခန်းထဲထိ ပျံ့နှံ့လာ၏။ ကျိတ်မှိတ်အိပ်ဖို့ ကြိုးစားပေမယ့် ဆက်အိပ်လို့မရတော့ပဲ အိပ်ရာက ထလိုက်ရသည်။

မျက်နှာချင်းဆိုင် အခန်းထဲက နှိုးစက်သံက ဆူညံနေတာလား။ တံခါးပိတ်ထားရင် အသံလုံပေမယ့် နှစ်ခန်းစလုံး တံခါးဖွင့်ရက်သားနဲ့။

အသံက သူ့အခန်းအပြင်ဘက် စားပွဲခုံပေါ်ကဖြစ်သည်။ ဖုန်းပိုင်ရှင်ရှိနေမလား မျက်လုံးဝေ့ကြည့်လိုက်ပေမယ့် တဖက်အခန်းဆီက ဟောက်သံသဲ့သဲ့ကြားရ၏။

ဖုန်းစက်ပိတ်လိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲ ကောက်ထည့်လိုက်သည်။ ငါ့ထက် စည်းကမ်းမရှိတဲ့ကောင် တွေ့ကြသေးတာပေါ့။

ရေချိုးအ၀တ်စားလဲပြီး အပြင်ထွက်မယ့် အချိန်မှာပဲ ပြည့်စုံနိုင်တယောက် မျက်နှာမသစ်ရသေးပဲ ဟိုကုတ်ဒီကုတ် ကုတ်ရင်း သူ့အခန်းထဲ ရောက်လာတော့သည်။

" ဟကောင် ငါ့ဖုန်းတွေ့မိလား.. ငါနှိုးစက်ပေးထားတာ.. အသံမမြည်ဘူးလား မသိဘူး... "

" ဘယ်သိမတုန်း... "

" ဟာ ပြဿနာပဲ... "

" မင်းအခန်းထဲ ရှိမှာပေါ့... "

" မင်း ဖုန်းခဏငှား... "

စက်ပိတ်ထားပါသည် ဆိုတဲ့အသံကြောင့် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားပြန်သည်။

" ဟ.. ဖုန်းအားက အပြည့်ဟ... "

" ရေစက်ချလိုက်တော့... "

ပုခုံးကို အားနဲ့ဖျစ်ညှစ်လိုက်ပြီး ‌အပြင်ထွက်ခဲ့လိုက်သည်။ ဓာတ်လှေကားရှေ့မှာ ရပ်နေရင်း လှေကားနဲ့ပဲ အောက်ဆင်းရမလား စိတ်ကူးနေမိ၏။

မနေ့က ရင်ခုန်စိတ်လှုပ်ရှားမှုလေးက အခုထက်ထိ လတ်ဆတ်ပူနွေးနေဆဲ။

ဖန်တီးယူရတဲ့ ရေစက်တွေမလိုချင်တာကြောင့် ခေတ်နဲ့ အခုထိ ဝေးကွာနေရတာပင်။ သူ့ဘက်က အရင်ခြေလှမ်း စလှမ်းခဲ့ရင် ခေတ်က သူ့ရင်ခွင်ထဲ ရောက်နေတာကြာပြီ... အဟင်း။

" ပြော မသော်... "

" ကျနော် မလာတော့ဘူး... "

" ကိုထိုက်ကို နောက်မှသပ်သပ်လာတွေ့ပါ့မယ်... "

Searching For HappinessWhere stories live. Discover now