" ရန်ဖြစ်ထားကြတာလား... "
ပန်းကန်သံ၊ ဇွန်းသံမှအပ စကားသံတိတ်ဆိတ်နေတဲ့ နေ့လည်စာထမင်းစားဝိုင်းကို ဖြိုခွင်းလိုက်သူက ခေတ်လင်းသော်တာ။
မမရဲ့ ပြောစကားကြောင့် စားပွဲဝိုင်းမှာ ရှိနေတဲ့ လူအားလုံးရဲ့ မျက်လုံးအကြည့်တွေဟာ ခေတ်ဆီကို တည့်မတ်စွာရောက်ရှိလာ၏။
စိတ်ထဲမှာ ခံပြင်းမိသည်။ ထင်သန့်ထက်ပိုင်ကို ဝ်ိုင်းကြည့်ကျလေ။ ဘာလို့လာကြည့်နေကြတာလဲ။
" ဟုတ်လား... "
လူကြီးတွေသာ ဒီနေရာမှာ ရှိမနေခဲ့ရင် ထထွက်လာခဲ့မှာ။ ဇွန်းခရင်းကို အသံမြည်အောင် ပစ်ချတာဖြစ်ဖြစ်။ ပန်းကန်ကို ရိုက်ခွဲခဲ့တာဖြစ်ဖြစ် တခုခုလုပ်ခဲ့ပြီးတော့။
မကြည်တဲ့စိတ်အခြေအနေကြောင့် ဘယ်အရာကိုမှ အကောင်းဘက်က မတွေးနိုင်ပါ။ အဖြေကို စောင့်နေမယ်မှန်း သိပေမယ့် ပြန်မဖြေပဲ ထမင်းသာဆက်စားနေလိုက်သည်။
" ထင်သန့်... "
" မဖြစ်ပါဘူး... "
" ဟိုကောင်မလေးကိစ္စကြောင့်လား... "
" ဟုတ်တယ်.. ခေတ်က စိတ်ရှုပ်နေလို့ပါ... "
" မရှုပ်ပါဘူး.. ဘာမှမဖြစ်ဘူး မမ.. ထမင်းစား... "
နင် ကိုယ့်ထမင်းကို စား ဆိုတဲ့ အကြည့်နဲ့သာ စိုက်ကြည့်ပေးလိုက်သည်။
ကွဲလွဲသွားတဲ့ အဖြေနှစ်ခုကြောင့် တခုခုဖြစ်ထားတယ်ဆိုတာ အားလုံးက သိသွားလောက်သည်။
သိသွားလဲ ဂရုမစိုက်ဘူး။
ဟုတ်တယ် စိတ်ရှုပ်နေလို့လို့ ပြောလိုက်ရင် ရတာပဲ။ ပြဿနာမဖြစ်ရမှာစိုးလို့ ပြောလိုက်တာ။ ပြဿနာကို မရှောင်ဖယ်ပဲ ပြဿနာဖြစ်ချင်လွန်းလို့။ထမင်းစားပြီးတဲ့နောက် အသီးအနှံအစုံအလင်နဲ့ ဧည့်ခန်းမှာ ထိုင်ဖြစ်ကြရင်း မသော်က ဘာဖြစ်တာလဲ မေးလာပြန်သည်။
" ဘာမှမဖြစ်ဘူး.. သားကို သွားခေါ်ဦးမယ်... "
ထမင်းစားနေတုန်း သားကို အပေါ်ထပ်က အခန်းမှာ အန်တီတယောက်က ထိန်းပေးနေသည်။ စိတ်မချစရာမရှိပေမယ့် ကလေးကို သူများနဲ့ပစ်ထားပြီး စိတ်အေးလက်အေးမနေနိုင်တာကြောင့် သွားခေါ်လိုက်သည်။
ŞİMDİ OKUDUĞUN
Searching For Happiness
Romantizmထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...