တခါတခါမှာ တကယ့်အဖြစ်ဟာ ၀တ္ထုထက်ဆန်းကြယ်တယ်လို့ ဆိုစမှတ်ရှိပါတယ်။
ဘလက်ဟိုးတွေရဲ့ ကိစ္စမှာတော့ အဲဒီဆိုရိုးစကားက အမှန်ဆုံးပါပဲ။
သိပ္ပံဝတ္ထုဆရာတွေ စိတ်ကူးသမျှအရာတွေ အားလုံးထက်တောင် ဘလက်ဟိုးတွေက ထူးခြားဆန်းကြယ်နေပါတယ်။
ဒါပေမယ့် ဘလက်ဟိုးတွေဟာ တကယ့်သိပ္ပံအချက်အလက်လည်းဖြစ်ပါတယ်။
စာအုပ်ကိုပိတ်လိုက်ပြီး စာအုပ်စင်မှာ သေချာပြန်ထားလိုက်သည်။
Big Bangက ဘယ်ကစဖြစ်တာလဲ၊ ဘယ်အရာကဖြစ်စေခဲ့တာလဲ၊ Big Bangမတိုင်ခင်က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဆယ်ကျော်သက်အရွယ်က ရူးသွပ်စွာနဲ့ စိတ်၀င်စားခဲ့ဘူးသည်။
သူစိတ်၀င်စားတာ Businessအကြောင်းလဲ မဟုတ်သလို Pre-medလဲ မဟုတ်ခဲ့။ သားကိုတော့ သူ့လိုမဖြစ်စေချင်။
မဖြစ်စေချင်တာကြောင့် ကောင်းကင်ပြာကို ဘယ်သူကပဲ ဆေးရောင်ခြယ်ပါစေ၊ စကြ၀ဠာကြီး ဘယ်ကအစပြုပါစေ သူ့အလုပ်မဟုတ်။
သူ့အလုပ်က HT Groupရဲ့ အမြတ်ငွေရာခိုင်နှုန်းသာ။
ဒါပေမယ့် Stephen Hawkingကတော့ ကျွန်တော်တို့ဟာ စကြ၀ဠာအကြောင်းကို နားလည်နိုင်၊ နားလည်သင့်၊ တကယ်နားလည်အောင်လဲ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်တဲ့။
ဘေဘီက သူ့ကို သားကိုယ်၀န်နဲ့တုန်းက မေးခွန်းတခုမေးဘူးသည်။
အနည်းငယ် ကြောင်တောင်တောင်နိုင်တဲ့ မေးခွန်းမျိုးဖြစ်လိမ့်မယ်လို့ စကားခံပြီး မေးလာတဲ့မေးခွန်းက Black Holesတွေအကြောင်း။
အလင်းထက် ဘယ်အရာကမှ ပိုမမြန်နိုင်။ ဘလက်ဟိုးဟာ အမြန်ဆုံးပါဆိုတဲ့ အလင်းကိုပင် ဆွဲထားနိုင်တဲ့အထိ အားကောင်းတဲ့ Gravityရှိသည်။
Stephen Hawkingရဲ့ စာအုပ်ထဲမှာ ဖတ်ကြည့်ရသလောက်တော့ လူတယောက်ပဲဆိုပါစို့။ အဲဒီလူသာ ဘလက်ဟိုးထဲ ရောက်သွားခဲ့ရင် သူ့ကို ထာ၀ရဆုံးရှုံးလိုက်ရမှာ။
အချစ်ဟာလဲ အဲဒီBlack Holeနဲ့ အဓိပ္ပာယ်ဆင်တူလား။ အဲ့လိုသုံးနှုန်းပြီး တင်စားပြောလို့ရမလားတဲ့။
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...