Stay Away From Me - 3

940 44 2
                                    

Unicode

.
.
.
.
.

ပြီးခဲ့တဲ့ ခြောက်ရက်လုံးလုံး အိမ်ထဲက အိမ်အပြင်မထွက်ဖြစ်သလို Social mediaလဲ မသုံးဖြစ်တဲ့ ခေတ်ဟာ ‌အပြင်လောကကြီးနဲ့ အဆက်ပြတ်နေသလို ခံစားရသည်။

ဒီရက်တွေမှာ ဟင်းချက်တယ်။ ဂစ်တာတီးတယ်။ သီချင်းရေးတယ်။ ရေကူးတယ်။ ထိုင်းဘာသာစကားသင်တယ်။

Skincareပုံမှန်လုပ်ဖြစ်ပြီး အိမ်မှာပဲ Yogaလုပ်ရင်း အချိန်ကုန်ဖြစ်သည်။ နားရက်ရပေမယ့် တယောက်ထဲ အိမ်မှာပဲ နေနေရတာ ကြာလာတော့လဲ ငြီးငွေ့လာ၏။

ဒီနေ့တော့ မိဘအိမ် ခဏပြန်ဦးမည်။ မေမေ ချက်ကျွေးတဲ့ အစားအသောက်တွေ တ၀ကြီးစားသောက်ပြီး အိမ်မှာပဲညအိပ်မည်။

စိတ်ကူးနဲ့ရွက်လွှင့်နေတဲ့ ခေတ်ဟာ ကားပါကင်မှာ ကိုယ့်ကားကို ဘယ်နားရပ်ထားမိမှန်းမသိ၊ ရှာမတွေ့ဖြစ်နေ၏။

ပါကင်မှာ ကားတွေကလဲ နေရာလွတ်မရှိအောင်အပြည့်။ တတီတီ အသံမြည်နေပေမဲ့ ဘယ်နားက မြည်နေမှန်းမသိနဲ့။ ခေတ်မှာ တယောက်ထဲ ကားပျောက်ရှာပုံတော် ဖွင့်ရသည်။

" ကိုယ် ကူရှာပေးမယ်... "

ဟိုလူ... ။ မသော်ကို ပြန်ပြောမှာဆိုပြီး အကျပ်ကိုင်သွားတဲ့လူ။ Sweatshirtနဲ့ဘောင်းဘီတိုနဲ့လူက ချိုသာတဲ့အပြုံးနဲ့ ရှာပေးမယ် ပြောလာတော့လဲ ကူညီပါဦးပဲ ပြောလိုက်သည်။ ‌

" ကားကို ဟိုတနေ့က ၀ပ်ရှော့ပို့လိုက်ရတာလေ.. ပြီးမှ ကားသော့ပြန်လာ‌ပေးတာ.. အဲ့တာကြောင့် သူတို့ ဘယ်နားရပ်ထားခဲ့လဲ မသိဘူး... "

" ဒီမှာ... "

‌ချောင်ထဲမှာ ရပ်ထားတဲ့ ခေတ် ကားကို တွေ့မှပဲ သက်ပြင်းချနိုင်၏။ သူ ကူရှာပေးတော့လဲ ခဏပင်။ ခေတ်ကတော့ ကိုယ့်ကားကို ရှာမတွေ့တဲ့အဖြစ်ကို ရှက်မိပြီး အသံထွက်အောင် ရယ်မိသည်။

" ကျေးဇူးတင်ပါတယ်... "

" အဲ့တာဆို ကိုယ်နဲ့ ဓာတ်ပုံရိုက်ပေးဖို့ အဆင်ပြေမလား... "

မဟုတ်လဲ အပြင်သွားလို့ ပရိတ်သတ်တွေက ခွင့်တောင်းလာရင် မငြင်းဖြစ်တဲ့ကိစ္စပဲ။ ‌သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။

Searching For HappinessHikayelerin yaşadığı yer. Şimdi keşfedin