နာနာတ်သီးအရှုပ်တော်ပုံ
.
.
." ကိုကို.. Deliရောက်နေလို့ သွားယူလိုက်ဦးမယ်... "
" ဘာမှာထားတာလဲ... "
" Pizza... "
" ကိုကို သွားလိုက်မယ်... "
အခုမှ ရုံးကပြန်ရောက်လာပြီး ကားပေါ်ကပင် မဆင်းရသေးတဲ့ ကိုကိုက ချက်ချင်းပဲ သွားယူပေးသည်။
" ကိုကို့ကို ဖုန်းမဆက်ပဲနဲ့.. အပြန်၀င်၀ယ်လာမှာပေါ့... "
" ပင်ပန်းမှာစိုးလို့.. အ၀တ်အစားလဲလိုက်ဦးနော်... "
ကိုကို့ပါးပြင်ကို ခြေဖျားထောက်နမ်းလိုက်ပြီး Pizzaဘူးကို ယူကာ ထမင်းစားခန်းဆီ ပြေး၀င်သွားလိုက်သည်။
စားချင်လွန်းလို့ ခိုးကြောင်ခိုးဝှက် မှာစားမှပဲ တည့်တည့်တိုးတဲ့အဖြစ်။ တကယ်ဆို ကိုကို့ကို ဖုန်းဆက်ပြီး ပြန်လာတော့မှာလား မေးရမှာ။
Pineapple Pizzaကို မြင်နေရပေမယ့် စားဖို့မ၀ံ့မရဲ ဖြစ်နေသည်။ သိပ္ပံနည်းကျ စစ်ဆေးထားတာ မဟုတ်ပေမယ့် အရပ်စကားအရ နာနတ်သီးဟာ ကိုယ်၀န်မမြဲမှုကို အားပေးသည်တဲ့။
အယုံအကြည်မရှိပါဘူးဟု ကြွေးကြော်ပြီး မှာလိုက်ပြီးကာမှ စားဖို့တွန့်ဆုတ်နေမိသည်။ အယုံအကြည်မရှိလို့ တမင်မှာစားတာမဟုတ်ပါ။ အရမ်းစားချင်နေလို့ မနေ့ညက အိပ်လို့မပျော်နိုင်တဲ့အထိ ဖြစ်ခဲ့ရသည်။
အခုထိလဲ စားချင်နေတာကြောင့် စိတ်ဆုံးဖြတ်လိုက်သည်။ ဘယ်ဆရာ၀န်ကမှ မစားရဘူးလို့ သက်သေသက္ကာယနဲ့ တားမြစ်ထားတာမရှ်ိဘူးမလား။
နာနတ်သီးဖတ်တွေကိုတော့ သပ်သပ်ရွေးဖယ်ထားလိုက်၏။ မြင်ရတာနဲ့တင် ကျေနပ်ပါပြီ။ စိတ်အလိုလိုက်ပြီး ကလေးလေးကို ဘေးဖြစ်စေမဲ့ကိစ္စမျိုး လုံး၀မလုပ်ပါဘူး။
" ခေတ်... "
" ကိုကို! "
ယောင်ယမ်းပြီး အထိတ်တလန့်နဲ့ ပြန်ထူးမိသွား၏။ စားဖို့ပြင်ဆင်နေတဲ့ လက်ထဲက Pizzaကလဲ ပေါင်ပေါ်ပြုတ်ကျသည်။
" ဘာစားနေတာလဲ... "
" ဟို... "
အရှေ့က Pizzaဘူးကို ချက်ချင်းပိတ်လိုက်သည်။ ကိုကိုကတော့ ကပ်စေးကုတ်တယ်ကွာဆိုပြီး ဟက်ဟက်ပက်ပက် ရယ်မောသည်။
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...