Can't stop lovin' you - 16

887 40 5
                                    

Unicode
.
.
.
.
.


ဒီနေ့က ကိုကို့အစ်ကိုတို့ ဇနီးမောင်နှံရဲ့ ပထမဆုံးရင်သွေးလေး Gender Reveal Party ပွဲနေ့ပင်ဖြစ်သည်။

Planetarium Entertainmentရဲ့ CEOဟာ ကိုကို့ရဲ့အစ်ကိုအရင်း ဖြစ်နေမယ်လို့ ခေတ် ဘယ်တုန်းကမှ မတွေးခဲ့ဘူးပါဘူး။ မသော်ပြောစကားအရ ကိုကိုက သူ့အစ်ကိုကို အသိအမှတ်မပြုဘူးတဲ့... ။

" ကိုကို အသိအမှတ်မပြုလည်း CEOက ကိုကို့ထက် အရင်မွေးတာပဲလေ.. ရယ်ရတယ်... "

" ‌ဘာပဲဖြစ်ဖြစ် ကိုယ်မသွားဘူး.. ခေတ်လည်း မသွားရဘူး... "

" အဲ့လိုတော့ မရဘူးလေ.. ကိုကိုပဲ လိုက်ပို့ပေးမယ်လို့ ပြောထားပြီးမှ... "

" အဲဒီသွားမယ်မှန်းသိရင် လိုက်မပို့ဘူး... "

ကားတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်တာကြောင့် ကားထဲမှာ ရှိနေဆဲ ဖြစ်တဲ့ ခေတ်မှာ တကိုယ်လုံး တုန်သွားရ၏။ ကိုကိုကတော့ အပြင်ဘက်မှာ ကျောပေးရင်း ခါးထောက်ထားလေသည်။

" ကိုကို့ "

" . . . "

" သွားမှာလား မသွားဘူးလားပဲ သိချင်တာ.. မသွားဘူးဆိုရင် ကားခဏငှားလိုက်တော့... "

Lover Seatကနေ တဖက်ကို ကူးပြောင်းဖို့အလုပ်မှာပဲ မျက်နှာကြီးသုန်မှုန်ထားရက်နဲ့ ကားတံခါးဆွဲဖွင့်တော့သည်။

" ခဏပဲ.. ခဏလေးပဲ မျက်နှာသွားပြမယ်.. ချက်ချင်းပြန်လာကြမယ်လေနော်.. နော်.. ကိုကို.. ခေတ်က မသွားလို့မကောင်းဘူးလေ.. CEOလည်း ဖြစ်သေးတယ်.. ကိုကို့ရဲ့ အစ်ကိုလည်း ဖြစ်သေးတာကို... "

" . . . "

" ဟုတ်ပြီ.. မသွားတော့ဘူး... "

" သွားမယ်... "

သေချာစိတ်ပိုင်းဖြတ်လိုက်ပုံနဲ့ ခေါင်းညိတ်သည်။ ကိုကိုက လိုက်မပို့ဘူးဆိုရင် အတင်းအကြပ်ပူဆာမိမှာ မဟုတ်ပါဘူး။ ချစ်မိလာတော့လည်း အကုန်အလျော့ပေးချင်‌နေမိတာပဲ။ ကိုကိုလည်း ခေတ်လိုပဲ ထင်ပါတယ်...။

ခေတ်တို့ရောက်သွားချိန်ဟာ ပွဲအချိန်ထက် တော်တော်လေး နောက်ကျနေပြီ။ Countdownရေတွက်နေပြီး ရောင်စုံမီးရောင်တို့က ပွဲအတွင်းမှာ ရှိနေတဲ့ လူတိုင်း‌အပေါ် ဖြန့်ကျက်ထား၏။

Searching For HappinessWo Geschichten leben. Entdecke jetzt