ပြည့်စုံနိုင်က ဖုန်းဆက်လာသည်။ ဒါဟာ ကြုံတောင့်ကြုံခဲဖြစ်ရပ်၊ စာတင်လောက်တဲ့ကိစ္စ။
သူ့ဘက်က စတင်ပြီး ဖုန်းဆက်တယ်၊ စကားစပြောတယ်၊ အဆက်အသွယ်လုပ်တယ်ဆိုတာ သိကျွမ်းလာတဲ့တလျှောက်မှာ လက်ချိုးရေတွက်စရာပင်မရှ်ိ။
ဒီကောင့်ဆီမှာ လူမှုရေးလဲမရှိ။ စာရိတ္တလဲမရှိ။ တခြားသော ပထဝီတွေ၊ သမိုင်းတွေဆိုတာ ဝေလာဝေး။
" မင်းက ငါ့ဖုန်းနံပါတ် သိတယ်ပေါ့... "
" သွန်းထက်ကို မေးထားတာ... "
" အင်း.. ဘာကိစ္စလဲ... "
" Baby Showerဆိုလား.. အဲ့ပွဲလုပ်ဖို့ ကူးတို့က ပြင်ဆင်ထားပြီးနေပြီ.. ခေတ်က မင်းကို ပြောရဦးမယ်ဆိုလို့... "
" ဟမ်... "
အလုပ်ခန်းတံခါးမီးပိတ်လိုက်ကာ အခန်းအပြင်ထွက်ခဲ့လိုက်ရင်း ပြည့်စုံနိုင် ဘာကိုဆိုလိုချင်တာလဲ စဉ်းစားလိုက်သည်။
Baby Shower???
ကူးတို့???
" ကူးဆိုတာ.. ခေတ် သူငယ်ချင်း ကုမုဒြာကို ပြောတာလား... "
" အေး... "
" ခေတ်ကို မေးလိုက်ဦးမယ်... "
သူငယ်ချင်းတွေက Baby Showerပွဲ ကျင်းပပေးမယ်။ ဒါကို ခေတ်က သူ့ကို ပြောရဦးမယ်။
သူ့ကိုပြောရဦးမယ်ဆိုတဲ့ ပြောပုံလေးကို သဘောတကျနဲ့ ရယ်မိတော့သည်။
" ကိုကို... "
" ကလေးလေး ဘာလုပ်နေတာလဲ... "
" Carrot Juiceသောက်နေတာ.. ဒါမဲ့ တငုံပဲသောက်ရသေးတယ် အန်ချင်လာတယ်... "
" အန်ချင်ရင် ဆက်မသောက်နဲ့တော့.. တခြားဘာစားချင်လဲ... "

KAMU SEDANG MEMBACA
Searching For Happiness
Romansaထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...