When We Fell In Love - 12

1K 42 1
                                    

Unicode
.
.
.
.
.

အရှိန်ပြင်းပြင်းနဲ့ တံခါးခေါက်သံကြောင့် ဖြတ်ခနဲ နိုးလာသည်။ နာရီကို ကြည့်မိတော့ 6:40AM. ဘယ်သူလဲ... အခုမှ မနက်အစောကြီး ရှိသေးတာကို။

ကြောက်ရွံ့တဲ့စိတ်မရှိပဲ စိတ်တိုလာရ၏။ အပြင်ဘက်က ဘယ်သူလဲ ခန့်မှန်းမိသွားတဲ့နောက်မှာတော့ အိပ်ရာက ထလိုက်ပြီး မျက်နှာသစ်၊ တကိုယ်ရည်သန့်ရှင်းရေးလုပ်ရသည်။

တဒုန်းဒုန်းထုတဲ့ အသံက ပိုကျယ်လောင်လာ၏။ ခေတ်ကတော့ ‌အေးအေးဆေးဆေးပဲ အ၀တ်အစားရွေးနေသည်။

အဖြူစွတ်စွတ် Off shoulder Topလေးကို Tennis Skirtလေးနဲ့ တွဲဖက်၀တ်ဆင်ဖို့ စိတ်ကူးလိုက်ရင်း မိတ်ကပ်လိမ်းခြယ်နေလိုက်သည်။

မျက်ခွံထက်ကို လိမ္မော်ရောင် Eyeshadow လှလှပပခြယ်သလိုက်ပြီး နှုတ်ခမ်းနီကိုတော့ မျက်ခွံအရောင်ထက် ပိုရင့်တဲ့အရောင်လေး ဆိုးလိုက်သည်။

Barthrodeရဲ့ ‌ခါးစည်းကြိုးဖြည်လိုက်ပြီး အ၀တ်အစားလဲဖို့ ပြင်ဆင်ပြီးမှ Breakfastမစားရသေးမှန်း သတိရ၏။

မတက်နိုင်ဘူး။ အလှပြင်ပြီးမှ စားဖို့သောက်ဖို့ လုပ်ရမှာပဲ။ အင်္ကျီမှာ အနံ့စွဲမှာ စိုးရိမ်တာကြောင့် ပြီးမှပဲ အ၀တ်လဲတော့မည်။

က်ိုယ်တိုင် ချက်ပြုတ်ကြော်လှော်ထားတဲ့ Chicken Breastနဲ့ Broccoliကို ပန်းကန်ပြားထဲ လှလှပပထည့်လိုက်ပြီး Carrot Juiceဖန်ခွက်ကိုပါ သေချာနေရာချလိုက်သည်။ မစားခင် လှလှပပ ဓာတ်ပုံရိုက်ပြီး Instaမှာ Updateလုပ်လိုက်သည်။

" ခေတ်လင်းတာရာ! နင် တံခါးမဖွင့်တော့ဘူးလား! "

သက်ပြင်းရှိုက်ရင်းပဲ ၀တ်ထားတဲ့ Bathrodeကို ချွတ်ပြီး စီစဉ်ထားတဲ့ အ၀တ်အစား ၀တ်လိုက်သည်။

စိတ်တိုင်းကျ မှန်ရှေ့မှာ ဓာတ်ပုံရိုက်ပြီးမှ အိမ်တံခါးဖွင့်ပေးလိုတော့ အပြင်ဘက်မှာ မသော်နဲ့အတူ ကိုကို့ကိုပါ တွေ့လိုက်ရ၏။

ခေတ်ဟာ မသော်ကို စနောက်ချင်တာနဲ့ တံခါးမဖွင့်ပဲနေပေမယ့် ကိုကိုပါ ရှိနေတော့ အားနာသွားရသည်။ Tracksuitနဲ့ ကိုကိုဟာ နဖူးမှာ ချွေးအနည်းစို့နေသည်။

Searching For HappinessWhere stories live. Discover now