Love Me Love You - 9

868 43 0
                                    

Unicode
.
.
.
.
.

" ငါ လူတယောက်ကို မြန်မြန်ဆန်ဆန်ပဲ သဘောကျမိသွားတယ်... "

" ဂုဏ်ယူပါတယ်.. ခေတ်ကလေး... "

" ဘာကို ဂုဏ်ယူတာလဲ.. ပြောင်ချော်ချော်မလုပ်နဲ့...

Dance Practice roomထဲက မှန်ချပ်တွေကို မှီထိုင်ထားရင်း စိတ်ပျက်လက်ပျက်ပြောနေမိသည်။ ခေတ်နဲ့ ဆိုဖီရဲ့ အရှေ့မှာလဲ Pizzaနဲ့ ဘီယာဘူးက ရှိနေသေး၏။

‌မ‌‌သော်ကို အကြောင်းပြပြီး ဘယ်တုန်းကမှ အခွင့်အရေးမယူတက်ပဲ စံပြဖြစ်အောင် နေတက်တဲ့ ခေတ်လင်းတာရာဟာ ဘီယာကို တကျိုက်ထဲမော့ချလိုက်ပြီး ဖရိုဖရဲပုံစံနဲ့။

ဒါတွေကြောင့် မချစ်ချင်တာ။ ခေတ်အတွက် အချစ်ဆိုတာ လေးနက်ပြီး အဓိပ္ပာယ်ရှိတဲ့အရာမလို့ သူကသာ ဥပေက္ခာတွေပြုလာခဲ့ရင် ရင်ကျိုးရမှာ... ။

" သဘောကျယုံအဆင့်ပဲမလား.. ဘာလို့ ဒီလောက် ဖြစ်နေရတာလဲ... "

" မသိတော့ဘူး... "

" နင် ဒီလိုဖြစ်နေတာ ကျက်သရေတုံးတယ် သိလား.. မသော်နဲ့ တိုင်မှာနော်.. အလုပ်မဟုတ်တာတွေ လုပ်နေတော့တာပဲ.. အချိန်တန်ရင် ပေါင်းရမယ် ယုံကြည်ထားလိုက်စမ်း.. သွား မျက်နှာသစ်.. သစ်လက်စနဲ့ Makeup Tutorialလေး ရိုက်ရအောင်... "

" အွန်း.. နောက်နှစ်နာရီလောက်နေရင် ပွဲတခုသွားစရာ ရှိတယ်... "

စိတ်ညစ်ရင် ဘာလုပ်မလဲ အလှပြင်။
အသည်းကွဲရင် ဘာလုပ်မလဲ အလှပြင်။
လူတယောက်ကို သဘောကျနေရင်လဲ အလှပြင်။

အားနေရင် အချိန်ပိုနေရင် Skincare... ။ ဘယ်လိုအချိန်မဆို လှနေအောင်နေ... ။

မျက်နှာသစ်လိုက်တော့လည်း အနည်းငယ် လန်းဆန်းသွားရသည်။ ဘီယာတဘူးလောက်နဲ့တော့ ခေတ်တို့က ရင်ကိုမခုန်တာပါ။ မူးတယ်ဆိုတာ ဘာလဲမေးယူရမယ်။

" နင်.. မနက်ဖြန် ရှိုးက ထင်ရနဲ့လား... "

" အွန်း... "

မျက်နှာသုတ်နေတဲ့ တဘတ်နဲ့ ဆိုဖီ့မျက်နှာကို ‌ပစ်ပေါက်လိုက်သည်။ သူတို့ရဲ့အကြောင်းကို သိထားသူတွေက ခေတ်နဲ့ကူးသာ ရှိသည်။ မသော်သာ သိရင်မလွယ်ပါ။ Artistတွေရဲ့ ကိုယ်ပိုင်ဘ၀ကို ၀င်မစွက်ဖက်ပေမဲ့ အဲ့လို ၀င်မစွက်ဖက်လို့ပဲ ကြောက်နေရတာကို။

Searching For HappinessWo Geschichten leben. Entdecke jetzt