Drunk On You - 28

809 42 3
                                    

1st Anniversaryလက်ဆောင်အဖြစ် ကိုကို့ဆီက Drive-in Cinemaရခဲ့သည်။ ပြောထားတာတော့ ကြာပါပြီ။ ကိုကိုက Confessionမလုပ်ခင်ထဲက စကားစပ်မိရင်း ပြောခဲ့မိတာ။ အဲ့ဒီအချိန်ထဲက ပြင်ဆင်နေခဲ့တာတဲ့။

" Drive-in Cinemaကို Anniversaryလက်ဆောင်အနေနဲ့ ပေးတာပေါ့... "

" အင်း.. စီးပွားရေးလဲ ပါတယ်လေ... "

" နင်က အဲ့တာကို ဘာတွေမကျေမနပ်ဖြစ်နေတာလဲ... "

စားပွဲခုံမှာ မေးတင်ထားရင်းပဲ ဆိုဖီကို ပြန်ကြည့်လိုက်၏။ သူကရော သူ့ကောင်လေးကို မပူဘူးလား။

" ပိုက်ဆံရှာနိုင်တာနဲ့အမျှ ဇယားတွေကပ်လာမှာကို စိုးရိမ်လို့... "

တွေးပူနေရလို့ ခေါင်းတွေပါ ထူပူနေပြီ။ ရမလားဆိုပြီး လာညုနေကြတဲ့ဟာမတွေရော။ တဖြည်းဖြည်း လူလဲရိုင်းစိုင်းလာပြီ။

" ခေတ်.. နင် ဆရာ၀န်နဲ့ သေချာရော ဆွေးနွေးတိုင်ပင်နေရဲ့လား... "

" နင်ကပါ ငါ့ကိုရူးနေတယ် ပြောချင်တာလား... "

" ရူးရင်တောင် နင်က တယောက်ထဲအပေါ်မှာပဲ ကွက်ရူးနေတာပဲ ဖြစ်ရမယ်... "

" ငါ့ကိုကိုငါ ရူးတာပဲ... "

Hot Latteကို ပိုက်နဲ့စုပ်သောက်နေတဲ့ ခေတ်ကို ကူးက အစားအသောက်စားတာ မပျင်းစမ်းနဲ့ဆိုပြီး ဆူတော့သည်။

" ယောက်ျားတော့ ယူချင်တယ်.. အိမ်ထောင်တော့ မပြုချင်ဘူး... "

" လျှာအပူလောင်မှ စကားမများနိုင်မှာ.. နောက်တခွက် ထပ်မှာပေးမယ်... "

" လျှာအပူလောင်တော့လဲ ကိုကို့ကို... "

" ခေတ်! နင်ဘာဖြစ်နေတာလဲ... "

" ဘာလို့လာဆူနေကြတာလဲ.. သူငယ်ချင်းတွေမို့ ချစ်လို့ တကူးတကလာတွေ့တာကို... "

" နင့်ဟာနင် တယောက်ထဲ စိတ်ကောက်နေတာမလား.. နင့်ပြဿနာနင်ပဲ ဖြေရှင်းရမှာ... "

" သိတယ်... "

Durian Cream Cakeကို ဇွန်းနဲ့တဖဲ့ယူစားလိုက်ပြီး ဇွန်းကိုက်နေမိတာမို့ အပြောခံရပြန်သည်။

Kuu : " ပျင်းတိပျင်းရွဲလုပ်မနေနဲ့.. နေရာတိုင်းက မျက်လုံးတွေကြည့်ပဲ.. ဒီဘ၀ကို ရွေးချယ်ထားပြီးမှ မကြုံချင်လို့မရတော့ဘူး... "

Searching For HappinessWhere stories live. Discover now