Unicode
.
.
.
.
.လိမ်းထားမှန်း မသိသာအောင် ပြင်ဆင်ထားရတဲ့ Makeup lookကို သဘောတကျနဲ့ ကြည့်နေမိသည်။ ဒီလိုလေး ဖြစ်ဖို့ မနက်အစောကြီးထပြီး အပင်ပန်းခံထားရတာ။
မျှော်နေရတဲ့ ဘဲလ်သံကြားရတာနဲ့ ဆံပင်ကို လက်နဲ့သပ်လိုက်ပြီး ချောင်းတချက်ဟန့်ကာ တံခါးဖွင့်ဖို့ ထွက်လာခဲ့သည်။
တံခါးပေါက်က မြင်ကွင်းက သိပ်ကိုစိတ်ချမ်းသာစရာကောင်း၏။ Suitနဲ့ လိုက်ဖက်နေတဲ့လူကို ကြည့်နေရင်း ဒီလူပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်လာမိတော့ ကြည်နူးစိတ်တို့ ဖြစ်ပေါ်လာရသည်။
" မနက်စာမစားပဲ မနေနဲ့နော်... "
" ရှင်ရော... "
" သွားရင်း ကားပေါ်မှာပဲ စားလိုက်မယ်... "
" မဟုတ်ပါဘူး.. အတူတူစားရအောင်လို့ ပြောနေတာကို... "
" မင်းက ကိုယ့်အတွက် အချိန်မရှိဘူးဆိုတော့.. ကိုယ်က မင်းရဲတန်ဖိုးရှိလှတဲ့ အချိန်တွေကို၀ယ်ဖို့ အလုပ်ကြိုးစားရမယ်လေ... "
မုန်းစရာကြီး။
ခေတ်က သူ့လက်ထဲက မုန့်ထည့်ထားတဲ့အိတ်ကို ယူဖို့ လက်လှမ်းလိုက်ပေမယ့် ပေးဖို့လုပ်ပြီးမှ မပေးပဲ လက်နောက်ပစ်လိုက်သည်။
" ကိုယ့်မှာ အစည်းအဝေးက အရေးကြီးနေတယ်.. မဟုတ်ရင်တောင် သွားဖို့ သိပ်စိတ်မပါဘူး.. ကိုယ့်ကို သွားခွင့်ပြုနော်... "
" သွားပါ.. Breakfastအတွက် ကျေးဇူးတင်ပါတယ်... "
သူက သံယောဇဉ်မပြတ်စွာ ငေးကြည့်နေမိပြီးမှ အိမ်တံခါးကို လှမ်းပိတ်ပေးသည်။
သူပေးလာတဲ့ အိတ်ထဲမှာ ဘူးနှစ်ဘူးပါရှ်ိသည်။ လှလှပပ လှီးစိတ်ထားတဲ့ ရာသီပေါ် အသီးအနှံ့တချို့ ထည့်ထားတဲ့ဘူးနဲ့ နောက်တဘူးမှာတော့ ကောက်ညှင်းပေါင်းနဲ့အကြော်စုံပင်။ မုန့်ပျစ်သလက်သေးသေးလေးတွေလဲ ပါသေး၏။
နှပ်ကော်ဖီနံ့မွှေးမွှေးက ဘူးထဲကနေ ဖန်ခွက်ထဲ ပြောင်းထည့်ဖို့ အချိန်ခဏလေးကို မစောင့်နိုင်ပဲ ဖြစ်နေရသည်။
![](https://img.wattpad.com/cover/294624050-288-k134290.jpg)
ESTÁS LEYENDO
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...