Confess Your Love - 5

871 47 4
                                    

Unicode

.
.
.
.
.

" သား.. ထမင်းစားပြီးမှ ပြန်ရမယ်နော်..."

" မစားတော့ဘူး.. မသော်ရဲ့ ညီမလေးက မေမေ့ကို ကျေးဇူးတင်လို့တဲ့... "

ခေတ်ရဲ့လက်ဆောင်ကို စားပွဲပေါ်တင်လိုက်ပြီး မေမေ့အရှေ့တိုးပေးလိုက်ပေမယ့် မေမေက စိတ်၀င်စားတဲ့ အရိပ်အယောင်မရှိ။

တကယ်တော့ အိမ်ဆိုတာ သူ့ကို နွေးထွေးလွန်ပြီး ပူလောင်စေသည်ဟု ခံစားရသည်။ လွတ်လပ်ပိုင်ခွင့်တွေ ပျောက်ဆုံးပြီး အတောင်ပံတွေ ရိုက်ချိုးထားတယ်လို့ ခံစားရ၏။ မျှော်လင့်ချက်ကြီး၊စည်းကမ်းကြီးပြီး ရှေးရိုးစွဲကာ စည်းစနစ်ကျလွန်းတဲ့ သူ့မိသားစုနဲ့ သိပ်မကိုက်ညီပေ။

သူနဲ့ ကိုထိုက်နဲ့က ညီအစ်ကိုတ၀မ်းကွဲ တော်စပ်ပေမဲ့ ညီအစ်ကိုအရင်းလို ချစ်ချစ်ခင်ခင်ရှိကြ၏။

မေမေတို့က အိမ်ခွဲနေတာ မကြိုက်၊ အိမ်ထောင်ကျတော့လဲ ညီအစ်မတွေ တအိမ်ထဲ အတူတူနေကြတာကြောင့် သူသာ တမိပေါက်တယောက်ထွန်းပြီး သောင်ပြင်မှာ လွတ်နေတဲ့ ရွှေဟင်္သာလေးဖြစ်နေရ၏။

" ထင်သန့်.. ခဏလာဦး..."

" ဟာ ကိုထိုက်က အိမ်ပြန်ရောက်နေတာလား.. မသော်ရော... "

" အေး လာဦး.. စကားပြောရအောင်... "

ကြည့်ရတာ မသော်နဲ့ အဆင်မပြေဖြစ်ထားပုံပေါ်သည်။ အခန်းထဲက စာကြည့်စားပွဲပေါ်ထိုင်နေတဲ့ သူ့အစ်ကိုဟာ နည်းနည်း စိတ်လွတ်နေပုံပေါ်၏။

" မင်း.. ခေတ်အပေါ်မှာ လေးနက်တဲ့ခံစားချက်ရှိနေတာလား... "

" ဘာဖြစ်လို့လဲ... "

" သော်တာက မင်းကို မောင်လေးတယောက်လို သဘောထားပေမယ့်.. သူ့ညီမနဲ့တော့ သဘောတူမယ်မထင်ဘူး... "

မင်နီတားခံရတာနဲ့ ကြက်ခြေခတ်ခံရတာနဲ့... ကာယကံရှင်ကရော မိသားစုနဲ့ ဘေးပတ်၀န်းကျင်က လူတွေကပါ အနှုတ်လက္ခဏာတွေ တန်းစီပြနေတာပဲ။

" ကိုထိုက်ကရော..."

" အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး.. မင်းက တခြားသူတွေထက် ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ် ဆိုရင် အရယူလိုက်.. ချစ်ရင် ၀န်ခံလိုက်... "

Searching For HappinessWhere stories live. Discover now