Be By My Side Forever - 22

825 40 5
                                    

Unicode

.
.
.
.
.

မြင်နေရတဲ့ ခေတ်ရဲ့ မျက်နှာလေးဟာ အနည်းငယ် ရီဝေနေသည်။ နီရဲနေတာ မဟုတ်ပဲ ပန်းသွေးရောင်မျက်နှာလေး။

ရှန်ပိန်ကို အရသာခံသောက်နေရင်း တစုံတရာကို အပြင်းအထန် စဉ်းစားနေပုံလဲ ပေါ်သည်။

" တာရာ‌... "

" အဲ့လိုမခေါ်နဲ့..."

ချက်ချင်းပဲ ဘေးနားမှာ ထိုင်နေတဲ့ သူ့ကို ငဲ့စောင်းကာ စူးစူးစိုက်စိုက်ကြည့်လာသည်။ သူနဲ့အကြည့်ချင်း ဆုံချိန်မှာတော့ မျက်လွှာချပြီး ‌ထိုင်ရာက ထလိုက်ကာ ရှန်ပိန်ခွက် ကိုင်ထားရင်းပဲ သူ့အပေါ်ရောက်လာ၏။

ခေတ်ကို သူ့အပေါ်မှာ သက်တောင့်သက်သာဖြစ်အောင် သေချာနေရာချပေးလိုက်သည်။

" ဘာလို့အဲ့လိုခေါ်တာ မကြိုက်တာလဲ... "

" မသိဘူး.. မကြိုက်ဘူး မခေါ်နဲ့... "

" ကိုယ်က ‌ဘေဘီ့ကို ခေါ်တာ မဟုတ်ပါဘူး... ကြယ်တာရာ‌တွေ အကြောင်း ပြောမလို့ကို... "

" လူလိမ်... "

လက်မောင်းသားလေးကို မချင့်မရဲ နမ်းရှိုက်လိုက်သည်။

" Baby... "

" ဟင်... "

" ကိုကိုလို့ ပြန်ထူး... "

" ကို ကို ထင် သန့်... "

ပျားရည်လို ချိုမြတဲ့ အသံလေးနဲ့ ဆွဲဆွဲငင်ငင်ခေါ်လိုက်တဲ့ အချိန်မှာတော့...။

" Babyကကွာ... "

" ဘာလဲ အင့်... "

သူ့ရဲ့ ကြမ်းတမ်းမှုကြောင့်ပဲ ခေတ်ရဲ့ လက်ထဲက ရှန်ပိန်တို့ သူ့ရင်ဘက်ပေါ်ကို ဖိတ်စင်ကုန်၏။ ဖန်ခွက်ကို ယူလိုက်ပြီး အောက်ကြမ်းပြင်ကို ချလိုက်သည်။

ချစ်မြတ်နိုးရတဲ့ မိန်းကလေးရဲ့ ညှို့ယူမှုကို သည်းမခံနိုင်တော့တဲ့ အဆုံး... နမ်းရှိုက်နေခဲ့မိတာ ဘေဘီလေး သူ့ကို ကြောက်လန့်သွားမလား တွေးမိမှပဲ ရပ်တန့်နိုင်သည်။

" ကိုကို့... "

" ဆောရီး ကိုယ်... "

ခေတ်က သူ့အပေါ်မှာ ဘေးတစောင်းထိုင်နေတာဖြစ်ပြီး သူ့ကို ဖက်တွယ်ထားတဲ့ လက်တွေပင် အားမရှိတော့သလိုနဲ့...။

Searching For HappinessWhere stories live. Discover now