My Sugar Honey - 15

984 45 5
                                    

Unicode

.
.
.
.
.

100 Days ♥️ဆိုတဲ့ Caption နဲ့ ကိုကိုက ဓာတ်ပုံတပုံ တင်ထားသည်။ ခေတ်လည်း Instagramမှာ ခြေရာလက်ရာလေးတွေ ချန်ထားခဲ့ချင်တာကြောင့် ဘယ်လိုပုံစံနဲ့ ချန်ထားရမလဲ စဉ်းစားနေမိသည်။

Perfumeကြော်ညာရိုက်တုန်းက Outfitနဲ့ပုံတွေ Updateလိုက်ရမလား။ Companyက ခွင့်ပြုပါ့မလား။

မန်နေဂျာအစ်မကို မေးကြည့်လိုက်တော့ B-cuts‌မဟုတ်ပဲ ဒီအတိုင်း Selfieဆို အဆင်ပြေတယ်ပြောလာ၏။

ကိုကိုကတော့ Magazineစာအုပ်ရဲ့ Coverဓာတ်ပုံကြောင့် အထဲက ဓာတ်ပုံတွေကို လှန်လောကြည့်နေလေပြီ။

" သူ့နာမည် ဘယ်သူလဲ.. Bodyက မဆိုးဘူးနော်.. မင်းနဲ့လည်း Chemistryမိသားပဲ.. ကိုထိုက်က Sports Wearအတွက် Modelရှာနေတယ်ဆိုတော့.. သူဆို မဆိုးလောက်ဘူး... "

" Companyကို မေးကြည့်လေ... "

Chemistryမိတယ်ဆိုတဲ့ ကိစ္စထက် ပိုစိတ်၀င်စားစရာကောင်းတာကို တွေ့ရှ်ိထားလေသည်။

ထင်ရနဲ့ခေတ်ရဲ့ ဓာတ်ပုံတွေ။ ဒီအတိုင်း ဘေးနားမှာ အတူတူ မတ်တပ်ရပ်နေတာကို... Pageတခုက... Pageနာမည်ကလဲ ခေတ်လင်းထင်ရတဲ့... အမလေး စိတ်ညစ်တော့တာပါပဲနော်။

" ဆိုဖီ့ကို အားနာလို့ ဘယ်လိုလုပ်ရမလဲ.. ဘာလို့ဘယ်သူနဲ့ တွဲနေလည်းဆိုတာကို စိတ်၀င်စားကြတာလည်းဟင်.. အင်းပေါ့လေ.. ခေတ်ကို ချစ်ကြတော့ ခေတ်ရဲ့ အကြောင်းကိုပါ စိတ်၀င်စားလာကြတာပေါ့... "

" ဆိုဖီက ဘာလို့လဲ... "

" ဟင်.. ဘာမှမဟုတ်ပါဘူး.. ဗိုက်ဆာပြီ... "

သူတို့က တရား၀င်ထုတ်မပြောမချင်း ခေတ်ကလည်း ဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး။ ဘယ်လိုပဲ ကိုကို ဖြစ်နေပါစေဦး၊ စောင့်ထိန်းရမယ်မလား။

ကိုကိုက စားပွဲပေါ်က စားသောက်စရာတို့ကို သဘောတကျကြည့်ပြီး ဓာတ်ပုံရိုက်ယူသည်။

" လက်ရာက ကိုယ် စားဘူးနေကြဆိုင်ကလား.. အပြင်အဆင်လေး လှသားပဲနော်... "

" အမယ်.. အပင်ပန်းခံပြီး ချက်ပြုတ်ထားရတာပါနော်... "

တောက်ပသွားတဲ့ အပြုံးတို့ကြောင့် ကျိတ်ပြုံးမိတော့သည်။

Searching For HappinessWhere stories live. Discover now