Extra - 2

802 31 5
                                    

မှန်ပြတင်းပေါက်ကတဆင့် မြင်နေရတဲ့ ပြာလဲ့လဲ့ရေကူးကန်ကို ကြည့်နေရင်း ငါးလေးတကောင်လို သွက်လက်စွာ ရေကူးချင်နေမိသည်။

ကူးရင်ဖြစ်ပေမယ့် ကိုကိုက ခွင့်ပြုမှာ မဟုတ်။ ရမလားတော့ ပြောကြည့်ချင်သည်။

" ရေကူးချင်တာ... "

" ဖြစ်နိုင်ပါ့မလား... "

" မဖြစ်နိုင်ဘူး... "

" ကလေးက လိမ်မာတယ်... "

စိတ်တိုင်းကျ ဖြစ်ခွင့်မရတာကြောင့် မှီထားတဲ့ ကိုကို့ပုခုံးစွန်းကိုသာ ကိုက်ပစ်လိုက်သည်။

ခေတ်ကြောင့် နာကျင်သွားရတဲ့ ကိုကိုဟာ French kissနဲ့ သူ့အနာကို ပြန်ကုစားတော့သည်။

ကိုကိုက ဒီနေ့ရုံးမသွားပဲ ခေတ်နဲ့ အိမ်မှာရှိနေပေးသည်။ ဒီနေ့မှ မဟုတ်သလို ရုံးမသွားဘူးဆိုတဲ့ စကားကလဲ မှန်တဲ့စကားမဟုတ်။

ကိုကို့ရဲ့ ရုံးတက်ချိန်ဟာ တနေ့မှာ နှစ်နာရီပင် မပြည့်တက်ပါ။ အတိအကျ ပြောရရင် တနာရီပင်မရှိ။ ကျန်တဲ့တနာရီက အိမ်ကနေ ရုံးကိုရောက်ဖို့ ကြာချိန်။

ကားလမ်းပိတ်နေလို့လဲမဟုတ်။ ရုံးနဲ့အိမ်နဲ့ ဝေးလို့လဲ မဟုတ်။ ဒီအတိုင်းပဲ။

ခေတ်ကလဲ ကိုကို့အနားမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး အလုပ်လုပ်နေတဲ့ ကိုကို့မျက်နှာလေးကို ငေးနေရရင်ပဲ ကျေနပ်နေမိတာကြောင့် ရုံးသွားဖို့ ဇွတ်အတင်းမတိုက်တွန်းမိပါ။

အပြင်ဘက်ကို ငေးနေရင်း ကော်ဖီခါးခါးလေးလဲ သောက်ချင်သလို ခေါက်ဆွဲပြုတ်ပူပူလေးလဲ စားချင်မိသည်။ ကြေးအိုး၊ မြှီးရှည်၊ မာလာဟင်း၊ ပင်လယ်စာတုန်ယမ်း။ အစုံပဲ စားချင်နေတော့သည်။

အတွေးနဲ့တင် တံတွေးမြိုချမိသွား၏။ ဘယ်တခုစားမလဲ ရွေးကာ ကိုကို့ကို ပြောပြလိုက်သည်။

" Baked Salmon စားချင်တယ်... "

" အခုချက်ချင်းလား... "

" ညနေအထိတော့ စောင့်ပေးနိုင်ပါတယ်... "

ခဏနေရင် Meetingစတော့မှာ ဆိုတော့လဲ မပူဆာတော့ပါဘူး။ တခြားစားစရာလဲ အဆင်သင့်ရှိတာကြောင့် စောင့်နိုင်ပါသည်။

Searching For HappinessOù les histoires vivent. Découvrez maintenant