ညစာစားပြီးတဲ့နောက်မှာ ကိုကိုက ဓာတ်ပုံတွေ Editပေးထားတယ် ပြောလာသည်။ Flim Cameraနဲ့ ရိုက်ထားတဲ့ပုံတွေရော၊ ဖုန်းနဲ့ရိုက်ထားတဲ့ပုံတွေရော။ အကုန်လုံးကို စိတ်တိုင်းကျပါသည်။
" ကိုကို.. ဓာတ်ပုံတွေက အရမ်းများနေတယ်.. အကုန်စုတင်ရမလား.. ဘယ်လိုလုပ်ရမလဲ... "
" တခုချင်းစီတင်လေ.. Solang Valleyက ပုံတွေအရင်... "
" ဟုတ်... "
ဓာတ်ပုံတွေ ပြန်ကြည့်နေတုန်းမှာပဲ မသော်က ဖုန်းဆက်လာ၏။ ဒီမှာရောက်နေတဲ့အကြောင်း လူမသိစေဖို့ လှမ်းပြောတာ။
" ဘာဖြစ်လို့လဲ... "
အကြောင်းအရင်းကို သေချာမပြောပဲ၊ ခဏငြိမ်နေဖို့ပြောလာတော့ စိတ်ပျက်သွားရတော့သည်။
စဉ်းစားကြည့်ကြပါဦး။ ဒီလိုလှပတဲ့နေရာကို ခရီးထွက်လာရပြီး ဒီမှာရိုက်ထားတဲ့ ဓာတ်ပုံတွေ မတင်ရတဲ့အဖြစ်ကိုလေ။
" ကိုကို... "
" အင်း... "
ပြောဖို့အလုပ်မှာပဲ အခန်းတံခါးခေါက်သံကြောင့် ကိုကိုပဲ သွားဖွင့်ပေးသည်။ နောက်တော့ လူစုံနေကြတဲ့ ကိုသွန်းထက်အခန်းဆီ ရောက်ခဲ့ရတော့သည်။
ပြဿနာက ဆေးခြောက်၀ယ်ခဲ့တဲ့ပြဿနာ။ ကိုသွန်းထက်ရဲ့ Facebookမှာ တင်ထားတဲ့ ချဉ်ပေါင်ရွက်ပုံကြောင့်။
" အဲ့တာ.. မင်းပုံလဲ ပါသွားတယ်ကွာ.. ဆောရီး... "
" ဘာမှမဖြစ်ဘူး... "
ကိုကိုက ခေတ်ကို လှမ်းကြည့်ပြီး နှစ်သိမ့်ပြုံးပြုံးပြသည်။ အကြောင်းအရင်းအစုံကို သိပြီးတဲ့နောက်မှာ ကိုကို့သူငယ်ချင်းတွေကို အားနာရလွန်းလို့ မျက်နှာချင်းမဆိုင်ရဲပါ။
ခေတ်လင်းတာရာရဲ့ Boyfriendက Manaliမှာ ဆေးခြောက်၀ယ်နေတယ်။ ပြီးတော့ အဲဒီ့လူက HT Groupရဲ့ CEO ထင်သန့်ထက်ပိုင်ဆိုတဲ့ အကုန်သိထားပြီးသားအကြောင်းအရာတွေက အခုမှတဖန် ရေပန်းစားလာသည်။ ဒါကြောင့်ပဲ HTဘက်မှာ ပြဿနာတက်နေပြီ။
အဓိကက ခေတ်လင်းတာရာကြောင့်ပဲ။
" ကိုကို.. သုံးခဲ့လားဟင်... "
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...